Sports: အမှတ်ပေးဇယား ဦးဆောင်ခွင့် ဆုံးရှုံးခဲ့တဲ့ မကွေးအသင်း

ဒုတိယပိုင်းတွင် ကစားပုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အပိုင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ခြင်းကြောင့် အခုလို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

play

 

မြန်မာနေရှင်နယ်လိဂ် ၂၀၁၆ ပြိုင်ပွဲ ၊ ပွဲစဉ် (၃) ကို စနေနှင့် တနင်္ဂနွေနေ့များမှာ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးအသင်းသည် ချင်းယူနိုက်တက်အသင်းကို (၁-၂) ဂိုးဖြင့် ရှုံးနှိမ့်ခဲ့သည့်အတွက် အမှတ်ပေးဇယားကို (၃) ပွဲဆက် အနိုင်ရလဒ်နဲ့ ဦးဆောင်ခွင့် ဆုံးရှုံးခဲ့သည်။

play

 

မကွေးနှင့်ချင်း ပွဲစဉ်တွင် ချင်းယူနိုက်တက် အသင်းက ပွဲအစမှာပင် လျင်လျင်မြန်မြန်ဖြင့် တိုက်စစ်ဖွင့်ကစားခဲ့သည့်အတွက် ပွဲချိန် ၈ မိနစ်တွင် ကွင်းလယ်လူ ချစ်စုမိုး ၊ ပွဲချိန် ၁၉ မိနစ်တွင် မောရစ် (ပင်နယ်တီ) နှင့် မကွေးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ ဒီဂျန်က ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင် မကွေးအသင်းသည် ပထမပိုင်းတွင် ကစားပုံ ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိသလို ချင်းယူနိုက်တက်အသင်း၏ မာကျောသော ခံစစ်နှင့် ကွင်းလယ်ကို အသာစီးရအောင် ရအောင် မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်းတွင် ကစားပုံ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း အပိုင် အခွင့်အရေးများကို အသုံးမချနိုင်ခဲ့ခြင်းကြောင့် အခုလို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

Source & Photo: MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ