Sports: ဆောက်သမ်တန်ကို ရှုံးပြီးနောက် အိမ်ပြန်သွားတဲ့ ဗန်ဟားလ်

တနင်္ဂနွေနေ့မှာ အသင်းနဲ့ ပုံမှန်လေ့ကျင့်ခန်း ဆင်းတာကို ဖျက်သိမ်းပြီး ဇာတိမြေဟော်လန်ကို ဗန်ဟားလ် ပြန်သွားခဲ့တာပါ။

play

 

ဆောက်သမ်တန်ကို ရှုံးပြီးနောက် မန်ယူအသင်းနဲ့ လမ်းခွဲဖို့ အလွန်ကိုနီးစပ်လာတဲ့ နည်းပြဗန်ဟားလ်ဟာ ဇာတိမြေ ဟော်လန်ကို တနင်္ဂနွေနေ့က ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့မှာပဲ ပုံမှန်လုပ်နေကြ အသင်းလေ့ကျင်းရေးအစီအစဉ်ကို ဖျက်ပြီး ဗန်ဟားလ်က ပြန်သွားခဲ့တာဖြစ်ပါတယ်။

play

 

ဗန်ဟားလ်ကို မန်ချက်စတာလေဆိပ်မှာ မြင်ခဲ့ရသူတွေက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ် တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အများထင်နေသလို ဗန်ဟားလ်က မန်ယူနဲ့လမ်းခွဲဖို့ သဘောတူပြီး အိမ်ပြန်သွားတာမဟုတ်ပဲ သူ့ရဲ့သမီးဖြစ်သူ မွေးနေ့ပွဲအတွက် အိမ်ပြန်သွားတာ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် မန်ယူအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်ပြီး ပြန်သွားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေအကြား ကောလာဟလ မျိုးစုံ ထွက်ပေါ်နေပါတယ်။

play

 

နောက်ဆုံးဆယ်ပွဲအတွင်းမှာ ငါးပွဲရှုံးနိမ့်ပြီး အခုဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ငါးမှတ် ကွာဟသွားပြီ ဖြစ်ပါတယ်။ ပရိသတ်တွေ မျှော်လင့်ခဲ့တဲ့အတိုင်း မလုပ်နိုင်ခဲ့ဘူးဆိုတာကိုလည်း ဆောက်သမ်တန်ကို ရှုံးတဲ့ပွဲအပြီးမှာ ဗန်ဟားလ်က ဝန်ခံခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ