Sports: မန်ယူကို နည်းပြလုပ်ရန် မော်ရင်ဟို စောင့်ဆိုင်းနေခြင်းဖြစ်

အေးဂျင့်ဂျော့မန်ဒက်စ်ကို ကြားခံပြီး မန်ယူနဲ့ မော်ရင်ဟို ဆက်သွယ်လျှက်ရှိတယ်လို့ သိရပါတယ်။

play

 

ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုဟာ မန်ယူအသင်းမှာ နည်းပြလုပ်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ကြောင်း Daily Mail သတင်းစာက ထုတ်ဖော်ရေးသားလိုက်ပါတယ်။ မော်ရင်က မန်ယူအသင်းထံ စာပို့ဆက်သွယ်ထားတယ် ဆိုတဲ့ သတင်းဟာလည်း အမှန်တကယ် ဖြစ်နိုင်ကြောင်း ဖော်ထုတ်လိုက်ပါတယ်။

play
မော်ရင်ဟိုရဲ့ အေးဂျင့်ဂျော့မန်ဒက်စ်

 

မော်ရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ မိတ်ဆွေဖြစ်တာကြောင့် အမြဲတမ်း အဆက်အသွယ် ရှိနေမှာ ဖြစ်တယ်လို့ မန်ယူအသင်းဘက်က အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက မေးလ်အွန်လိုင်းသတင်းစာကို ပြောပါတယ်။ ဆောက်သမန်တန်ကို မန်ယူအသင်း ရှုံးပြီး နောက်မှ အေးဂျင့်ဂျော့မန်ဒက်စ်ကို ကြားခံပြီး မန်ယူနဲ့ မော်ရင်ဟို ဆက်သွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

play

 

အေးဂျင့်ဂျော့မန်ဒက်စ်ဘက်က ပြောကြားချက်တွေအရ မော်ရင်ဟိုက နောက်ရာသီမှာ မန်ယူကို အမှတ်ပေးဖလားရအောင် လုပ်နိုင်သူဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မန်ယူ အသင်းနည်းပြဖြစ်လာတော့မယ်ဆိုရင် မော်ရင်ဟိုရဲ့ အငြင်းပွားဖွယ် အမူအကျင့်တစ်ချို့နဲ့ စကားတစ်ချို့ကို ထိန်းသိမ်းစေဖို့ မန်ယူအသင်းဘုတ်အဖွဲ့က ဆန္ဒရှိနေပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ