Sports: သြစတြေးလျအိုးပင်းမှာ ဗြိတိန် တင်းနစ်ကစားသမား နှစ်ဦးလုံး ကွာတားတက်

ကွန်တာဟာ ၃၁ နှစ်အတွင်း ဂရင်းဆလင်း ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ဗြိတိန် တင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။

play

 

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲမှာ နာမည်ကြီး ဗြိတိန် တင်းနစ်ကစားသမား အန်ဒီ မာရေး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ မာရေးက စတုတ္တအဆင့် ပွဲစဉ်မှာ သြစတြေးလျ တင်းနစ်ကစားသမား ဘားနက်ဒ် တိုမစ်ကို ၆-၄၊ ၆-၄၊ ၇-၆ (၇-၄) ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကွာတားဖိုင်နယ်မှာ ကမ္ဘာ့အဆင့် နံပါတ် ၂ မှာ ရပ်တည်နေတဲ့ မာရေးနဲ့ စပိန် တင်းနစ်ကစားသမား ဒေးဗစ် ဖာရာကို တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။

play

 

သြစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ပွဲစဉ်မှာလည်း ဗြိတိန် တင်းနစ်မယ် ဂျိုဟန်နာ ကွန်တာက မက်ကရိုဗာကို ၄-၆၊ ၆-၄၊ ၈-၆ ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

play

 

ကွန်တာဟာ ၃၁ နှစ်အတွင်း ဂရင်းဆလင်း ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံး ဗြိတိန် တင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။

play

 

ဂရင်းဆလင်း ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ်အဆင့်ကို နောက်ဆုံး တက်ရောက်နိုင်ခဲ့တဲ့  ဗြိတိန်တင်းနစ်မယ်က ၁၉၈၄ ခုနှစ် ဝင်ဘယ်လ်ဒန်ပွဲမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ ဂျို ဒူရီ ဖြစ်ပါတယ်။

play

 

ဂျို ဒူရီ နောက်ပိုင်း ဗြိတိန်တင်းနစ်မယ်တွေဟာ ဂရင်းဆလင်း ပြိုင်ပွဲကြီးတွေမှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ယခု ၃၁ နှစ်အကြာမှသာ ကွန်တာက ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာပါ။

play

 

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များ

အမျိုးသမီးတစ်ဦးချင်းပွဲစဉ်များ

ဆရီနာ ဝီလျံ vs မာရီယာ ရှရာပိုဗာ
ရက်ဒ်ဝင်စကာ vs ကာလာ ဆွာရက်ဇ် နက်ဗာရို
အန်ဂျလီကေး ကာဘာ vs ဗစ်တိုးရီးယား အဇာရင်ကာ
ဂျိုဟန်နာ ကွန်တာ vs ရှုအီ ဇောင်း

အမျိုးသားတစ်ဦးချင်းပွဲစဉ်များ

နိုဗက်ခ် ဂျိုကိုဗစ် vs နီရှီကိုရီ
ရော်ဂျာ ဖက်ဒရာ vs တိုမတ်စ် ဘာ့ဒ်ရက်ခ်ျ
ဂီးလ်စ် မွန်ဖီးလ်စ် vs မီလော့စ် ရာအိုနစ်
ဒေးဗစ် ဖာရာ vs အန်ဒီ မာရေး
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ