Sports: ပြိုင်ဘက် နောက်ခံကစားသမားတွေ ကော်စတာကို သတိထားဖို့ ပြောတဲ့ ဟစ်ဒင့်

ကော့စတာဟာ ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ခြောက်ပွဲမှာ သွင်းဂိုး ခြောက်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါပြီ။

play

 

ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြဖြစ်သူ ဟစ်ဒင့်က သူရဲ့ တိုက်စစ်မှုး ကော့စတာကို ပြိုင်ဘက်အသင်း နောက်ခံကစားသမားတွေအနေနဲ့ သတိထားဖို့ ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကော့စတာဟာ ချဲလ်ဆီးအသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ခြောက်ပွဲမှာ သွင်းဂိုး ခြောက်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါပြီ။

play

 

ဒူးဒဏ်ရာကနေ ရာခိုင်နှုန်းပြည့် မသက်သာသေးတဲ့ ကော့စတာဟာ ပြီးခဲ့တဲ့လက မော်ရင်ဟို အသင်းကနေထွက်ခွာအောင် လုပ်ဆောင်ရာမှာ ပါဝင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ အသင်းပရိတ်သတ်တွေက ယူဆပြီး သူ့ကို ဒေါသထွက်နေတာပါ။

 

ချဲလ်ဆီးအသင်းဟာ အခုဆိုရင် ၇ပွဲ ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို တင်ထားပြီး ပရိတ်သတ်တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိနေပြီလို့ သူအနေနဲ့ ယုံကြည်ကြောင်း ဟစ်ဒင့်က ပြောပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ