Sports: ကစားသမားတွေ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ပြီး အသက်သွင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့ စမောလင်း

မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ နိုင်ပွဲ သုံးပွဲ သာရရှိထားပြီး အခုဆိုရင် စတုတ္ထနေရာက စပါးအသင်းနဲ့ ၅ မှတ်ပြတ်သွားပြီဖြစ်သလို နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ခက်ခဲလာပြီဖြစ်ပါတယ်။

play

 

မန်ယူအသင်းရဲ့ နောက်တန်းကစားသမားဖြစ်သူ ခရစ္စ စမောလင်းက ကစားသမားတွေကဘဲ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်ကို ပြန်အသက်သွင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

play

 

စနေနေ့က အိမ်ကွင်းမှာ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ နိုင်ပွဲ သုံးပွဲ သာရရှိထားပြီး အခုဆိုရင် စတုတ္ထနေရာက စပါးအသင်းနဲ့ ၅ မှတ်ပြတ်သွားပြီဖြစ်သလို နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ခက်ခဲလာပြီဖြစ်ပါတယ်။

play

 

သရဲနီအသင်းသားတွေဟာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ၁၉ ပွဲကစားပြီး ၁၇ ဂိုး ရရှိထားတဲ့ အသင်းရဲ့ တိုက်စစ်ကို အားမရဖြစ်ခဲ့တဲ့ ပရိတ်သတ်တွေက အော်ဟစ် လှောင်ပြောင်ခဲ့တာကိုလည်း စမောလင်းက ပရိတ်သတ်တွေ မျှော်မှန်းထားတဲ့အတိုင်းဖြစ်မလာခဲ့တဲ့အတွက် သူ့အနေနဲ့ နားလည်ကြောင်း ပြောကြားခဲ့ပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ