Sports: ပြိုင်ဘက်ကစားသမားကို ခြေထောက်နဲ့ ကန်ခဲ့တဲ့ ရော်နယ်ဒို

အရှေ့တစ်ပတ်က စပို့တင်းအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ရော်နယ်ဒိုဟာ တစ်ဖက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ကာစက်(စ်) ကိုလည်း တမင်သက်သက် ကန်ကျောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး စီရော်နယ်ဒိုဟာ တနင်္ဂနွေနေ့က ရီရဲလ်ဘီတစ်အသင်းနဲ့ အဝေးကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘီတစ်နောက်ခံလူ မိုလီနီရို ကို ကန်ခဲ့တဲ့အတွက် အဆိုပါ ကစာသမားဖြစ်သူက ဒါဟာ အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

play

 

ဘီတစ်အသင်းကို တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ရော်နယ်ဒိုဟာ မိုလီနီရိုကို ကန်ခဲ့တာဖြစ်ပါတယ်။ မိုလီနီရိုက သူ့အနေနဲ့လည်း ပြိုင်ဘက်အသင်းကစားသမားတွေရှိကနေ ဘောလုံးကို ဖြတ်ထုတ်ထားတာမျိုးတွေရှိပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ရော်နယ်ဒိုလို ပြိုင်ဘက်ခြေထဲမှာ ဘောလုံးမရှိဘဲ ဒီလို တမင်သက်သက် ကန်တာဟာ အကျည်းတန်ပြီး၊ ဒိုင်လူကြီးတွေ တွေ့မြင်ခဲ့ရင် သူအနေနဲ့ အရေးယူ ပြစ်ဒဏ်ချမှတ်ခံရမှာပါလို့ ပြောပါတယ်။

play

 

အရှေ့တစ်ပတ်က စပို့တင်းအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ရော်နယ်ဒိုဟာ တစ်ဖက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ကာစက်(စ်) ကိုလည်း တမင်သက်သက် ကန်ကျောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ