Sports: ပါတိုကို အငှားစာချုပ်နဲ့ ခေါ်ယူမယ့် ချယ်လ်ဆီး

ယာယီအသင်းနည်းပြ ဟစ်ဒင့် ရဲ့ တိုက်စစ်ကို ပုံဖော်ဖို့ ပါတိုဟာ အသင်းရဲ့ ဒီလ အပြောင်းရွေ့မှာ အဌားနဲ့ ခေါ်ယူတဲ့ ပထမဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။

play

 

ချဲလ်ဆီးအသင်းဟာ အသင်းတိုက်စစ်ကို မြှင့်တင်ဖို့ ကိုရီသီယန်အသင်း တိုက်စစ်မှုး ပါတို ကို အဌားစာချုပ်နဲ့ ဘောလုံးရာသီကုန်ဆုံးချိန် အထိ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဘက်က ကြိုးစားမှု အတော်ကို နီးစပ်နေပြီဖြစ်တယ်လို့ ယုံကြည်စိတ်ချရတဲ့ အတွင်းလူတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ESPN သတင်းဌာနက ဖော်ပြပါတယ်။

play

 

အသက် ၂၆ နှစ်အရွယ် ပါတိုဟာ ဘရာဇီးလ်အသင်းအတွက် ၂၇ ပွဲ ကစားပေးထားပြီး ၂၀၁၃ ခုနှစ်မှာ အေစီမီလန်အသင်းကနေ ကိုရီသီယန်အသင်းကို ပြောင်းလာခဲ့တာဖြစ်သူ ဖြစ်ပါတယ်။ အေစီတိုက်စစ်မှူးဟောင်း ပါတိုကို ဥရောပ ကလပ်အသင်း အများအပြား စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် သူကိုယ်တိုင်က ပရီးမီးယားလိဂ်ကို လာရောက်ကစားချင်နေတာ ဖြစ်ပါတယ်။

play

 

ယာယီအသင်းနည်းပြ ဟစ်ဒင့် ရဲ့ တိုက်စစ်ကို ပုံဖော်ဖို့ ပါတိုဟာ အသင်းရဲ့ ဒီလ အပြောင်းရွေ့မှာ အဌားနဲ့ ခေါ်ယူတဲ့ ပထမဆုံး ကစားသမားဖြစ်လာမှာဖြစ်ပြီး သူ့ကို ချဲလ်ဆီးအသင်းအနေနဲ့ အဌားစာချုပ်ပြည့်ပါက အပြီးသတ်ခေါ်ယူသွားဖို့ စောင့်ကြည့်မယ်လို့လည်း သိရပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ