Sports: သြစတြေးလျအိုးပင်းမှာ ဆီရီနာဝီလျံကို ရှာရာပိုဗာ ရှုံးနိမ့်

ဆီရီနာဝီလျံက သူ့အတွက် ၂၂ ကြိမ်မြောက် ဂရင်းစလင်းဆိုကို ရယူဖို့ နီးစပ်လာပြီဖြစ်ပါတယ်။

play

 

၂၂ ကြိမ်မြောက် သြစတြေးလျအိုးပင်းမှာ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံက ရှာရာပိုဗာကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပြီဖြစ်ပါတယ်။ ကမ္ဘာ့နံပတ်-၁ တင်းနစ်မယ် ဆီရီနာဝီလျံက ၁၈ ကြိမ်ဆက်တိုက် သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်သူ ဖြစ်လာခဲ့ပါတယ်။

play

 

ရုရှားတင်းနစ်မယ် ရှာရာပိုဗာကို ၆-၄၊ ၆-၁ ဆီရီနာဝီလျံက မဲလ်ဘုန်းပါ့ခ်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ လာမယ့် ဆီမီးဖိုင်နယ်မှာ ဆီရီနာဝီလျံက ရက်ဝမ်စ်ကာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲ စတင်ပြီး တစ်နာရီလောက် ကြာတဲ့ အထိ ရှာရာပိုဗာက ဝီလျံကို ကောင်းကောင်း အန်တုနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့် နောက်ပိုင်းမှာ ရှာရှာပိုဗာရဲ့ စွမ်းရည်ကုန်ခမ်းလာပြီး ဆီရီနာရဲ့ ရိုက်ချက်ပြင်းပြင်းတွေကို မတွန်းလှန်းနိုင်ခဲ့ဖြစ်ရပါတယ်။ ဆီရီနာက လက်ရှိချန်ပီယံဖြစ်ပြီး ဒီနှစ်ချန်ပီယံ ထပ်ဖြစ်မယ်ဆိုရင် ၂၂ ကြိမ်မြောက် ဂရင်းလင်းချန်ပီယံဘွဲ့ကို ရယူနိုင်မှာပါ။

Source : BBC

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ