Sports: မန်ယူမှ ထွက်ခွာရန် နည်းပြဗန်ဟားလ် အသင့်ဖြစ်နေ

ရာထူးက နုတ်ထွက်ခွင့်ပေးဖို့ အသင်းကို နှစ်ကြိမ်တိုင်တိုင် ဗန်ဟားလ်ဘက်က တောင်းဆိုခဲ့တာပါ။

play

 

ဇာတိမြေ ဟော်လန်ကို နည်းပြဗန်ဟားလ် တစ်ရက်တာ သွားရောက်ခဲ့ပြီးနောက် မန်ယူအသင်းနဲ့ လမ်းခွဲဖို့ အဆင်သင့်ဖြစ်နေပြီလို့ the sun သတင်းစာက ရေးသားထားပါတယ်။ ဆောက်သမ်တန်နဲ့ ပွဲအပြီးမှာ နည်းပြဗန်ဟားလ်က ရာထူးက နုတ်ထွက်ဖို့ အသင်းကိုတောင်းဆိုခဲ့ပေမယ့်လည်း အသင်းဘက်က မလိုက်လျောသေးဘူးလို့ ဆိုပါတယ်။

play

 

ဗန်ဟားလ်ဘက်က ရာထူးနုတ်ထွက်ခွင့်ပေးဖို့ တောင်းဆိုတာဟာ နှစ်ကြိမ်တိုင်တိုင်ရှိသွားခဲ့ပြီလို့လည်း ဆိုပါတယ်။ မန်ယူအသင်း အမှုဆောင်ချုပ် ဝုဒ်ဝက်ဘ်က အတည်ပြုပေးဖို့သာ လိုတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်းဘုတ်အဖွဲ့ဝင်တွေက ဗန်ဟားလ်ကို ရာသီအကုန်ထိအ သင်းကို ဆက်ပြီး ကိုင်တွယ်ပေးဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဗန်ဟားလ်ဘက်က နှစ်ကြိမ်တိုင်တိုင် တောင်းဆိုနေတဲ့အတွက် အမှုဆောင်ချုပ် ဝုဒ်ဝက်က ခေါင်းခဲနေတယ်လို့ ဆိုပါတယ်။ ဗန်ဟားလ်ရဲ့ မိသားစုဝင်တွေကိုယ်တိုင်ကလည်း ဖိအားတွေအောက်ရောက်နေတဲ့ သူ့ကို ရာထူးက နုတ်ထွက်စေချင်ပါတယ်။

play

 

မန်ယူအသင်းဟာ လာမယ့် သောကြာနေ့မှာ အက်ဖ်အေဖလားပွဲအဖြစ် ဒါဘီနဲ့ ကစားဦးမှာပါ။ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် ငါးမှတ်ကွာဟနေပြီဖြစ်ပါတယ်။

Source : Express

Photos : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ