Sports: လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ နောက်ထပ် နှစ်နှစ် ထပ်စောင့်ရမည်

ပရီးမီးယားလိဂ် ချန်ပီယံလောင်း စာရင်းဝင်ဖို့တောင် ကစားသမားအင်အားထပ်ဖြည့်ဖို့ လိုသေးတယ်လို့ အသင်းနည်းပြဟောင်း ဆောင်းနက်စ်က ပြောပါတယ်။

play

 

လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံလောင်းစာရင်းထဲ ဝင်အောင်လုပ်နိုင်ဖို့အတွက် နည်းပြဂျာဂန်ကလော့ နောက်ထပ် နှစ်နှစ်လောက် အချိန်ယူရဦးမယ်လို့ အသင်းနည်းပြဟောင်း ဂရေမီဆောင်းနက်စ်က သုံးသပ်လိုက်ပါတယ်။ ဆောင်းနက်စ်က လီဗာပူးရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်း ဖြစ်ပါတယ်။

play

 

နည်းပြ ဂျာဂန်ကလော့ လက်ရှိကိုင်တွယ်နေရတဲ့ လူစာရင်းဟာ အင်အားချိနဲ့လွန်းတဲ့အတွက် အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ လာမယ့် အပြောင်းအရွှေ့ကာလကို သုံးကြိမ်လေးကြိမ် လောက်ဖြတ်သန်းပြီး ကစားသမား အင်အားဖြည့်တင်းပြီးမှ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းစာရင်းထဲပါလိမ့်မယ်လို့ နည်းပြဟောင်း ဆောင်းနက်စ်က သုံးသပ်ပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ ခံစစ်ကလည်း အင်အားနည်းပါးလွန်းပြီး ကွင်းလယ်မှာလည်း ဂိုးသွင်းမယ့်သူ မရှိဘူးလို့ ဆောင်းနက်စ်က ဆက်ပြောပါတယ်။

Source : Mirror

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ