Sports: လီဗာပူးကို ပြန်လာချင်တယ်လို့ ပြောတဲ့ ဆွာရက်ဇ်

လီဗာပူးအတွက် ကစားပေးချင်စိတ် ရှိနေသေးကြောင်း ဆွာရက်ဇ်က ပြောပါတယ်။

play

 

ဘာစီလိုနာ အသင်းတိုက်စစ်မှူး ဆွာရက်ဇ်က တစ်ချိန်ချိန်မှာ သူကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကို ပြန်လာဖြစ်ခဲ့ရင် သူကစားမယ့် အသင်းဟာ လီဗာပူးကလွဲလို့ အခြားအသင်း  မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၉ ဂိုးသွင်းပေးထားတဲ့ ဆွာရက်ဇ်ကို အခြားဥရောပ အသင်းတွေက မျက်စိကျနေဆဲ ဖြစ်ပါတယ်။ စပိန်လာလီဂါကို တစ်နေ့နေ့မှာ စွန့်ခွာဖြစ်ခဲ့ရင်တော့ လီဗာပူး ပြန်သွားချင်တယ်လို့ ဆွာရက်ဇ်က ဆိုပါတယ်။ “အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူးလေဗျာ။ အင်္ဂလန်ကို ကျွန်တော်ကစားဖြစ်ခဲ့တယ် ဆိုရင်တောင် လီဗာပူးအတွက်ပဲ ကစားပေးမှာ သေချာပါတယ်။ အခြားအသင်းတွေမှာ ကစားမှာ မဟုတ်ပါဘူး” လို့ ဆွာရက်ဇ်က ဆိုပါတယ်။

play

 

ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ် အချိန်အတွင်း မန်ယူကစားသမား အီဗရာနဲ့ လူမျိုးရေး ခွဲခြားတဲ့ ပြဿနာ ရင်ဆိုင်ရခဲ့ရသလို ချယ်လ်ဆီးကစားသမား အီဗန်နိုဗစ်ခ်ျကို ကိုက်မိခဲ့တဲ့ ပြဿနာလည်း ဖြစ်ခဲ့ပါတယ်။ “ ကျွန်တော်လီဗာပူးပရိသတ်တွေကို လွမ်းတယ်ဗျ” လို့ ဆွာရက်ဇ်က ESPN နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

Source : ESPN

Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ