Sports: နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ဝင်ပြိုင်မည့် ၂၀၁၆ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ

မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ ကစားသမားဦးရေ ၁၅၀ ထိ တိုးမြှင့် ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

play

 

၂၀၁၆ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားဦးရေသည် မူလက သတ်မှတ်ထားသည့် အရေအတွက်ထက် ပါဝင်လာမှု များပြားလာသည့်အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ ကစားသမားဦးရေ ၁၅၀ ထိ တိုးမြှင့် ယှဉ်ပြိုင်ခွင့်ပေးသွားမည်ဖြစ်သည်။

play

 

၁၉၉၆ မှ စတင်ကျင်းပလာခဲ့သည့် မြန်မာအိုးပင်းဂေါက်သီးပြိုင်ပွဲအား ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ၊ ရန်ကုန်မြို့ရှိ Royal Mingalardon Golf & Country Club မှာ ကျင်းပမည်ဟု သိရသည်။

Source: 7 Day Daily

Photo: cmsports, zeeindia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ