Sports: သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်မှာ ဂျိုကိုဗစ်နဲ့ ဖက်ဒရာ တွေ့ဆုံ

နာမည်ကြီး အတွေ့အကြုံရင့် တင်းနစ်ကစားသမား နှစ်ဦး တွေ့ဆုံမှုဖြစ်တာကြောင့် ယခုနှစ် သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ် ပွဲစဉ်ဟာ ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

play


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ နာမည်ကြီး နှစ်ဦးဖြစ်တဲ့ နိုဗက်ခ် ဂျိုကိုဗစ်နဲက ရော်ဂါ ဖက်ဒရာတို့ ထိပ်တိုက် တွေ့ဆုံကြပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အဆင့် နံပါတ် ၁ ဆားဘီယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ဂျပန်နိုင်ငံမှ နီရှီကိုရီကို ၆-၃၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play


ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၃ နေရာမှာ ရပ်တည်နေတဲ့ ဖက်ဒရာကလည်း တိုမတ်စ် ဘာ့ဒ်ရက်ခ်ျကို ၇-၆၊ ၆-၂၊ ၆-၄ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာခဲ့ပါတယ်။

play


ဂျိုကိုဗစ်ဟာ ဂရင်းဆလင်းပြိုင်ပွဲကြီးတွေမှာ ၁၁ ကြိမ်မြောက် ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းနေသလို ဖက်ဒရာကလည်း ၁၈ ကြိမ်မြောက် ဂရင်းဆလင်း ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆွစ်ဖာလန် တင်းနစ်ကစားသမား ဖက်ဒရာက သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားပြီး ဂျိုကိုဗစ်က ၅ ကြိမ် ရရှိထားပါတယ်။ ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်းမှာ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။

play


ဂျိုကိုဗစ်နဲ့ ဖက်ဒရာတို့ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၆း၃၀ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
နာမည်ကြီး အတွေ့အကြုံရင့် တင်းနစ်ကစားသမား နှစ်ဦး တွေ့ဆုံမှုဖြစ်တာကြောင့် ယခုနှစ် သြစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ် ပွဲစဉ်ဟာ ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
Source & Photo: AFP, Getty Images, BPI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ