Sports: လီဗာပူးအသင်း ကယ်ပီတယ်ဝမ်း ဖလား ဗိုလ်လုပွဲ တက်ပြီ

လီဗာပူး ကစားသမားဟောင်း ပီတာခရော့ခ်ျနှင့် အမီရီ ကန် တို့ ပင်နယ်တီ လွဲချော်ခဲ့သည်။

play

 

လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကယ်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်မှာ စတုတ်ခ်စီးတီး အသင်းကို  ပင်နယ်တီ အဆုံးဖြတ်နဲ့ အနိုင်ရရှိပြီး ကယ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲကို တက်ရောက်သွားပါပြီ။

play

 

ပထမကျော့ အဝေးကွင်းမှာ (၁-၀) မရှိ အနိုင်ရရှိထားတဲ့ လီဗာပူးအသင်းဟာ ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်မှာတော့ စတုတ်ခ်အသင်းက ပွဲချိန် ၅၁ မိနစ်မှာ အာနာတိုဗစ် သွင်းယူခဲ့တဲ့ ဂိုးကြောင့် နှစ်ပွဲပေါင်း ဂိုးရလဒ်တူညီကာ သရေကျနေခဲ့ပြီး ပွဲပြီးဆုံးချိန်ထိ နှစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့သည်။

play

 

ပင်နယ်တီကန်သွင်းရာမှာ စတုခ်အသင်းဘက်မှ လီဗာပူးကစားသမားဟောင်း ပီတာခရော့ခ်ျနှင့် အမီရီ ကန် တို့က လွဲချော်ခဲ့သဖြင့် လီဗာပူးအသင်းက (၆-၅) ရလဒ်ဖြင့် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

play

 

လီဗာပူးအသင်းဟာ အဲဗာတန် (သို့) မန်စီတီးအသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ