Sports: မက်ဆီရဲ့ အသည်းစွဲပရိသတ်

မက်ဆီရဲ့ ပုံတူကို တက်တူးထိုးထားရုံသာမက မက်ဆီရဲ့ လက်မှတ်ကိုပါ ရအောင်ယူပြီး တက်တူးထပ်ထိုးခဲ့ပါတယ်။

play

 

မက်ဆီကို အရူးအမူး အားပေးလွန်းတဲ့ ပရိသတ်တစ်ဦးပေါ်လာခဲ့ပါပြီ။ နောက်ကျောမှာ မက်ဆီရဲ့ ပုံတူဓာတ်ပုံကို ဆေးမှင်ကြောင်ထိုးထားတဲ့ အဆိုပါပရိသတ်က မက်ဆီ့ထံက လက်မှတ်လိုချင်လို့ တကူးတက လာရောက်စောင့်ဆိုင်းနေခဲ့တာပါ။

play

 

မက်ဆီနဲ့ တွေ့ခွင့်ရတဲ့အခါ မက်ဆီ့ရဲ့ပုံတူ ဆေးမှင်ကြောင်ထိုးထားတဲ့ သူ့ရဲ့နောက်ကျောမှာ လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မက်ဆီကိုယ်တိုင် သူ့ရဲ့နောက်ကျောမှာ ထိုးပေးခဲ့တဲ့ လက်မှတ်ကို တစ်သက်တာ တည်မြဲအောင် ဆေးမှင်ကြောင်အဖြစ် ပြောင်းလဲ လိုက်ပါတယ်။ မက်ဆီနဲ့ သူ့ကိုအရူးအမူး အားပေးတဲ့ ပရိသတ်တို့ တွေ့ဆုံတဲ့အချိန် မက်ဆီက လက်မှတ်ကို နောက်ကျောမှာ မထိုးပဲ အခြားနေရာတစ်ခုခုမှာ ထိုးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း သူ့ရဲ့ပရိသတ်က လက်မခံပါဘူး။

play

 

မက်ဆီရဲ့ပုံတူကို ဆေးမှင်ကြောင်ထိုးထားတဲ့နေရာမှာ ကိုပါဒယ်ရေးဖလား အောင်မြင်ခြင်း အမှတ်တရ ဆိုပြီး ရေးသားထားပါတယ်။ ပုံကတော့ ၂၀၁၂ ဘောလုံးရာသီတုန်းက မက်ဆီဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ပုံဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ