Sports: အဲဗာတန်က ဗိုလ်လုပွဲ ပိုရောက်ချင်နေလိမ့်မည်ဟု မန်စီးတီးနည်းပြ ပြော

ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ အဲဗာတန်က မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။

play

 

ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲကို မန်စီးတီးထက် အဲဗာတန် အသင်းက ရောက်ချင်စိတ် ပိုပြင်းပြနေလိမ့်မယ်လို့  မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက ပြောလိုက်ပါတယ်။ ဒီနေ့ည မန်စီးတီး အသင်းကွင်းမှာ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားကြမှာ ဖြစ်ပါတယ်။

play

 

ပထမအကျော့ အဲဗာတန် ကွင်းမှာ ကစားခဲ့ကြတုန်းက အဲဗာတန်က မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို တက်ချင်စိတ် အဲဗာတန် ကစားသမားတွေမှာ ပိုများနေမှာ ဖြစ်ပေမယ့် မန်စီးတီး ဗိုလ်လုပွဲ တက်ကိုတက်စေရမယ်လို့ ပယ်လီဂရီနီက ပြောပါတယ်။ “ အဲဗာတန်ကစားသမားတွေက ဗိုလ်လုပွဲ ရောက်ဖို့ ပိုပြီးစိတ်ဓာတ်တက်ကြွနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့အသင်း ဗိုလ်လုပွဲ မရောက်တာ အတော်ကြာပြီမလား။ ဒါပေမယ့် ဗိုလ်လုပွဲရောက်ဖို့ ကျွန်တော်တို့ကလည်း အစွမ်းကုန် ကြိုးစားမှာပါ” လို့ နည်းပြပယ်လီဂရီနီက ဆိုပါတယ်။

play

 

ပထမဆနေ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ လီဗာပူးက စတုတ်စီးတီးကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဗာတန် -မန်စီးတီးပွဲစဉ်မှာ အဲဗာတန်သာ ဗိုလ်လုပွဲ တက်ခဲ့မယ် ဆိုရင် ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ်ဟာ မာဆေးဆိုက်ဒါဘီ ဖြစ်လာမှာပါ။

Source : Mail Online Sport

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ