Sports: ရော်နယ်ဒိုရဲ့ ဘောလုံး လေ့ကျင့်ဖော် အသစ်

ရော်နယ်ဒိုအတွက် လေ့ကျင့်ခန်း ဆင်းပေးမယ့် မော်ဒယ်အသစ်တစ်ယောက် ရှာတွေ့သွားပါပြီ။

play

 

ရီးရဲလ်မက်ဒရစ်အသင်း ကြယ်ပွင့်ကစာသမား ရော်နယ်ဒိုအတွက် လေ့ကျင့်ဖော် အသစ်တစ်ယောက် ရသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ လေ့ကျင့်ဖော်အသစ်က ရီးရဲလ်မက်ဒရစ်ကို လာကစား မှာတော့ မဟုတ်ပါဘူး။

play

 

မကြာသေးခင်ကတင် ရော်နယ်ဒိုနဲ့ ဘရာဇီးမော်ဒယ်ဖြစ်သူ ဗစ်တိုးရီးယားစီးခရက်မော်ဒယ်တို့ GQ မဂ္ဂဇင်း မျက်နှာဖုံးအတွက် ခန္ဓာကိုယ်အလှ အသားပေးပုံတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါသေးတယ်။ အခုတော့ ရော်နယ်ဒိုနဲ့ မော်ဒယ် အမ်ဘရိုစီယိုတို့ ဘောလုံးကစားနေတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းမှာ ပျံ့နှံ့လာပါတယ်။ အမ်ဘရိုစီယို ကိုယ်တိုင်ကပဲ ဒီဗီဒီယိုဖိုင်ကို ဝေမျှခဲ့တာပါ။ ဘောလုံးတစ်လုံးကို ခြေနဲ့ကန်ပဲ အပြန်အလှန် ခေါင်းတိုက် ကစားနေကြတာ ဖြစ်ပါတယ်။

ရုရှားမော်ဒယ် အီရီနာရှိတ်နဲ့ ပြတ်ဆဲပြီးနောက်ပိုင်း ရော်နယ်ဒို အတည်တကျတွဲတဲ့ ချစ်သူ မရှိသေးပါဘူး။ ဒါကြောင့် မော်ဒယ်တစ်ယောက်ယောက်နဲ့ ရော်နယ်ဒို အနေနီးကပ်နေပြီဆိုရင် မီဒီယာတွေကလည်း မျက်ခြေမပြတ် စောင့်ကြည့်လျှက် ရှိကြပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ