play

 

အပြေးမြန်လွန်းတဲ့ အူစိန်ဘော့က သြစတြေးလျ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအတွက် ကြော်ငြာ ရိုက်ကူးပေးခဲ့ပါတယ်။

Optus ကုမ္ပဏီက နာမည်ကျော်အားကစားသမား အူစိန်ဘော့ကို ကုန်ပစ္စည်းအမှတ်တံဆိပ် သံတမန်သစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်တာပါ။ အဆိုပါကုမ္ပဏီရဲ့ ကြော်ငြာစီးရီးတွေမှာ ဘော့က ပါဝင်သရုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဘော့ဟာ အခြားကြော်ငြာတွေလည်း ရိုက်ကူးနေရတုန်းပါ။

play

 

အူစိန်ဘော့ဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် စံချိန်နှစ်ခုနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ မီတာ ၁၀၀ ကို ၉.၅၈ စက္ကန့် နဲ့ မီတာ ၂၀၀ ကို ၁၉.၁၉ စက္ကန့် ပြေးနိုင်ခဲ့တဲ့ စံချိန်တွေပါ။

Source : Mashable

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video