Sports: အဲဗာတန် - မန်စီးတီးပွဲ မကြည့်ခင် သိထားသင့်တဲ့ (၅) ချက်

ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲရောက်ဖို့ ဒီပွဲက နောက်ဆုံး အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ဖြစ်ပါတယ်။

play

 

ဝင်ဘာလေကွင်းမှာ ကျင်းပမယ့် ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲစီကို ရောက်ဖို့အတွက် နောက်ဆုံး ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ အဲဗာတန်တို့ ရင်ဆိုင်ကြပါဦးမယ်။ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဒီတစ်ခေါက်တော့ မန်စီးတီးအိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

ပထမအကျော့တုန်းက အဲဗာတန်က ၂-၁ ဂိုးနဲ့ နိုင်ထားတဲ့အတွက် ဒီတစ်ပွဲ သရေကစားနိုင်တာနဲ့ အဲဗာတန် ဗိုလ်လုပွဲ တက်နိုင်ပါပြီ။ ဆီမီးဖိုင်နယ်ပွဲ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

play

 

၁။ အဲဗာတန်က လိဂ်ဖလားဗိုလ်လုပွဲကို ၁၉၈၄ မှာ နောက်ဆုံးရောက်ထားတဲ့ အသင်းပါ။ အဲဒီတုန်းက ဗိုလ်လုပွဲမှာ လီဗာပူးကို အဲဗာတန် ရှုံးခဲ့ပါတယ်။ အခု မန်စီးတီးကိုနိုင်ပြီး ဗိုလ်လုပွဲတက်ရင် လီဗာပူးနဲ့ ပြန်တွေ့ရဦးမှာပါ။ ဗြိတိန်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မာဆေးဆိုက်ဒါဘီ ဖြစ်ပါတယ်။

၂။ အဲဗာတန်က မန်စီးတီးကို နိုင်ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ် သုံးပွဲလုံး ရှုံးနိမ့်ထားတဲ့ အသင်းပါ။ မန်စီးတီးကတော့ အဲဗာတန်ကို ပထအကျော့မှာ ရှုံးပြီးကတည်းက ရှုံးပွဲမတွေ့သေးတဲ့ အသင်းဖြစ်ပါတယ်။  ၂၀၁၂ နောက်ပိုင်းကတည်းက မန်စီးတီးကို အဲဗာတန် နိုင်ပွဲရတာ နောက်ဆုံးကစားခဲ့တဲ့ ကက်ပီတယ်ဝမ်ဖလား ပထမအကျော့ တစ်ပွဲပဲ ရှိပါတယ်။

play

 

၃။ မန်စီးတီးအသင်းကို ပထမဆုံး စရောက်လာတဲ့ နှစ်မှာပဲ နည်းပြပယ်လီဂရီနီက အသင်းအတွက် ကက်ပီတယ်ဝမ်းဖလားကို ယူပေးနိုင်ခဲ့ပါတယ်။ အခု နောက်ထပ်နှစ်နှစ်အကြာမှာ ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲရောက်ဖို့ နီးစပ်လာပြန်ပါပြီ။

၎။ အဲဗာတန် အသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ တစ်ပွဲသာရှိပါတယ်။ အဲဒါက မကြာသေးခင်ကပဲ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်ပါ။ ကျန်ပွဲတွေအားလုံး ရှုံးခဲ့သည့် တိုင်အောင် အဲဗာတန်က ဂိုးတော့ပြန်သွင်းနိုင်ပါတယ်။

၅။ အဲဗာတန်ဘက်မှာ အားထားရတဲ့ ဂျာဂျီရယ်ကာ ပြန်ပါဖို့ရှိပေမယ့် ကွင်းလယ်က မီယာလက်စ်နဲ့ ဘီဆစ်တို့ ပါနိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်မှာတော့ အသင်းခေါင်းဆောင် ကွန်ပနီအပြင် နာဆရီ၊ ဘိုနီ၊ မန်ဂါလာ၊ ကိုလာရော့ဗ်တို့ ပါဦးမှာ မဟုတ်ပါဘူး။

Source :Goal, Vavel

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ