Sports: မန်ယူလက်ထောက်နည်းပြ ရိုင်ယန်ဂစ် ရာထူးမှ နုတ်ထွက်ဖွယ်ရှိ

အသင်းမှာ နည်းပြအပြောင်းအလဲ ဖြစ်ခဲ့မယ်ဆိုရင် ရိုင်ယန်ဂစ်ဟာ မန်ယူလက်ထောက်နည်းပြရာထူးက နုတ်ထွက်ဖွယ် ရှိနေပါတယ်။

play

 

မန်ယူအသင်းနဲ့ နည်းပြဗန်ဟားလ် လမ်းခွဲတဲ့အခါ အသင်းလက်ထောက်နည်းပြ ရိုင်ယန်ဂစ်ပါ ရာထူးက နုတ်ထွက်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်လာပါတယ်။ ဗန်ဟားလ်နုတ်ထွက်ပြီး အသင်းကို မော်ရင်ဟို ရောက်လာခဲ့ရင်တော့ ရိုင်ယန်ဂစ် ရာထူးက နုတ်ထွက်ဖို့ဟာ သေချာသလောက်ရှိတယ်လို့ဆိုပါတယ်။

လက်ရှိမှာ နည်းပြဗန်ဟားလ်မန်ယူနဲ့ လမ်းခွဲတဲ့အခါ နည်းပြချုပ်ဖြစ်ဖို့ ရေပန်းစားနေသူတွေက မော်ရင်ဟိုနဲ့ ရိုင်ယန်ဂစ်ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ရိုင်ယန်ဂစ်ကိုသာ နည်းပြချုပ်ရာထူးမပေးပဲ လက်ထောက်နည်းပြ အဖြစ်ဆက်ထားခဲ့မယ်ဆိုရင် ဂစ်က နုတ်ထွက်တော့မယ်လို့ သတင်းထွက်နေတာပါ။ လက်ရှိမှာ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ရိုင်ယန်ဂစ်ဟာ ၁၉၈၇ ခုနှစ်မှာ မန်ယူအသင်းကိုရောက်လာခဲ့ပြီးတဲ့နောက်ပိုင်းတည်းက အခုထိ အသင်းမှာ ရှိခဲ့သူ ဖြစ်ပါတယ်။

play

 

၂၀၁၃-၁၄ ဘောလုံးရာသီမှာ ဒေးဗစ်မိုယက်စ်ကို မန်ယူထုတ်ပယ်လိုက်ပြီးနောက် ရိုင်ယန်ဂစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာ မန်ယူအသင်းဘက်က နည်းပြဗန်ဟားလ်ကို ရာသီအကုန်ထိ ဆက်လက်ခန့်အပ်ထားမယ့် အရိပ်အယောင် ရှိနေပါတယ်။

Source : Mirror

Photos : Daiy Star

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ