Sports: ပဲခူး အားကစားကွင်းကို ပြင်ဆင်ပြီးပါက ဟံသာဝတီအသင်း အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်

ထိုသို့ စီစဉ်နေမှုများကြောင့် ၂၀၁၆ လိဂ်ပြိုင်ပွဲ ဒုအကျော့တွင် တောင်ငူ အားကစားကွင်းကို ယာယီအိမ်ကွင်းအဖြစ် လက်ခံကျင်းပရန် စီစဉ်နေကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်။

play

 

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ဟံသာဝတီ ယူနိုက်တက်အသင်းသည် ပဲခူး အားကစားကွင်းကို ပွဲကြည့်စဉ်များ တည်ဆောက်ပြီးပါက အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

ထိုသို့ စီစဉ်နေမှုများကြောင့် ၂၀၁၆ လိဂ်ပြိုင်ပွဲ ဒုအကျော့တွင် တောင်ငူ အားကစားကွင်းကို ယာယီအိမ်ကွင်းအဖြစ် လက်ခံကျင်းပရန် စီစဉ်နေကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်။

ဟံသာဝတီ ယူနိုက်တက်အသင်း မီဒီယာတာဝန်ခံ ဦးမင်းမင်းထွန်းက ‘‘ဒီနှစ် မြန်မာလိဂ်ဒုအကျော့မှာ တောင်ငူကွင်းကို အိမ်ကွင်းအဖြစ် လက်ခံယှဉ်ပြိုင်နိုင်အောင် လိုအပ်တဲ့ အပိုင်းလေးတွေ နည်းနည်းပြင်ဆင်နေတယ်။ ဒုတိယအကျော့မှာ အိမ်ကွင်းပွဲစဉ် ခြောက်ပွဲယှဉ်ပြိုင် ရမယ်ဆိုတော့ တောင်ငူကွင်းမှာ ကစားနိုင်ဖို့ ကြိုးစားနေ တယ်’’ဟု ဦးမင်းမင်းထွန်းက ပြောသည်။

ဟံသာဝတီ ယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာလိဂ်ပွဲစဉ် (၃) အပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေနှင့် ရမှတ် ခုနစ်မှတ် ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေသည်။

Source: 7 Day Daily

Photo: AUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ