Sports: မီနီမာရသွန်တွင် တားမြစ်ဆေးသုံး၍ ပြိုင်ခဲ့တဲ့ လက်ရွေးစင် နှစ်ဦး စစ်ဆေးတွေ့ရှိ

, updated

"မြန်မာပြည်မှာ စစ်လို့ မရသေးဘူး ထင်ပြီး အခုလိုသုံးစွဲကြတာ။ အခုက နေပြည်တော်မှာပဲ စစ်လိုက်တာ ဖြစ်ပါတယ်။"

play

 

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပခဲ့သည့် မန္တလေးမြို့တော်ဝန် မီနီမာရာသွန်ပြိုင်ပွဲတွင် တားမြစ်ဆေး သုံးစွဲယှဉ်ပြိုင်ခဲ့သည်ဟု သံသယရှိသည့် ကစားသမား ၃၂ ဦးကို စစ်ဆေးခဲ့ရာတွင် လက်ရွေးစင်ကစားသမား နှစ်ဦးသည် တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်။

အားကစားဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ‘‘အရင်ကလည်း တားမြစ်ဆေးနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ မကြာခဏပြုလုပ်ပါတယ်။ ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ်ပါ။ ကစားသမားတွေက နိုင်ငံခြားမှပဲ သွားပြီး ဆေးစစ်လို့ရတယ်။ မြန်မာပြည်မှာ စစ်လို့ မရသေးဘူး ထင်ပြီး အခုလိုသုံးစွဲကြတာ။ အခုက နေပြည်တော်မှာပဲ စစ်လိုက်တာ ဖြစ်ပါတယ်’’ဟု ဆိုသည်။

အားကစားဝန်ကြီးဌာနက အဆိုပါ လက်ရွေးစင်ကစားသမား နှစ်ဦးအပါအဝင် အခြား တားမြစ်ဆေး သုံးစွဲခဲ့သည့် ပြိုင်ပွဲဝင် အမျိုးသား အမျိုးသမီးစုစုပေါင်း ၁၂ ဦးတို့အား အရေးယူသွားမည်ဖြစ်သည်။

Source: 7 Day Daily

Photo: theglobalnewlightofmyanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ