Sports: လိဂ်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးနဲ့ မန်စီးတီး တွေ့

မိနစ် ၇၀ ကျော်မှ သွင်းယူလိုက်တဲ့ ဂိုးတွေနဲ့ မန်စီးတီးက အဲဗာတန်ကို အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။

play

 

ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မန်စီးတီးက အဲဗာတန်ကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်က ဦးဆောင်ဂိုးအရင် သွင်းနိုင်ခဲ့ပေမဲ့ မိနစ် ၇၀ ကျော်မှ ပြန်သွင်းခဲ့တဲ့ မန်စီးတီးရဲ့ အနိုင်ဂိုးတွေကို မခုခံနိုင်ခဲ့လို့ အရှုံးပေးလိုက်ရတာပါ။

play

 

ပထမပိုင်း ၁၈ မိနစ်မှာ ဘာကလေရဲ့ ကိုက် ၂၀ အကွာက ကန်ချက်နဲ့ အဲဗာတန် ဦးဆောင်ဂိုးရသွားပါတယ်။ ပထအကျော့ပွဲမှာ အဲဗာတန်က ၂-၁ ဂိုးနဲ့ နိုင်ထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ်နဲ့ဆိုရင် အဲဗာတန်က ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၄ မိနစ်မှာ ဖာနန်ဒင်ဟိုရဲ့ ကန်ချက်က အဲဗာန် နောက်ခံလူနဲ့ ထိပြီး ဝင်သွားခဲ့လို့ မန်စီးတီးချေပဂိုး ရသွားပါတယ်။

play

ဒုတိယပိုင်း မိနစ် ၇၀ အရောက်မှာ ဒီဘရိုင်းက စတာလင်ရဲ့ ပေးပို့မှုကို ပိတ်သွင်းယူလိုက်တာပါ။ အဲဒီဂိုးက စတာလင်ဟာ စည်းကျော်သွားမှ ပေးလိုက်တာဆိုပြီး အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါသေးတယ်။ နောက်တစ်ခါ ၇၆ မိနစ်အရောက်မှာတော့ ဒီဘရိုင်းရဲ့ ဖြတ်တင်ပေးမှုကို အဂူရိုက ခေါင်းတိုက်သွင်းယူလိုက်လို့ မန်စီးတီး နောက်တစ်ဆင့် တက်ခွင့် ရသွားပါတယ်။

play

 

ပွဲချိန်အတွင်း အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ အဲဗာတန်ရော မန်စီးတီးပါ ဒီထက်ပိုပြီး ဂိုးရသင့်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ မန်စီးတီးက ဗိုလ်လုပွဲ တက်သွားပြီးဖြစ်လို့ လီဗာပူးနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲကို ဝင်ဘာလေကွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်ရောက်ရင် ကစားကြမှာ ဖြစ်ပါတယ်။

Source : BBC

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ