Sports: ဆရီနာ ဝီလျံ သြစတြေးလျအိုးပင်း ဖိုင်နယ် တက်ရောက်

ဆရီနာဟာ ဂရင်းဆလင်း ပြိုင်ပွဲကြီး ၄ ခုမှာ ဗိုလ်လုပွဲကို ၂၆ ကြိမ်မြေက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဆု စုစုပေါင်း ၂၁ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။

play


နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာ ဝီလျံက ယနေ့ (ဇန်နဝါရီ ၂၈) နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်မှာ ပိုလန်သူ ရက်ဒ်ဝင်စကာကို ၆-၀၊ ၆-၄ ဖြင့် အနိုင်ယူကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက်သွားပါတယ်။

play


ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ်တစ် နေရာမှာ ရပ်တည်နေတဲ့ ဆရီနာဟာ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားသူလည်း ဖြစ်ပါတယ်။

play


ကွာတားဖိုင်နယ်မှာ ဆရီနာက ရုရှားတင်းနစ်မယ် ရှရာပိုဗာကို ဖြတ်ကျော်ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တာပါ။ ဆရီနာဟာ ဗိုလ်လုပွဲစဉ်မှာ ကာဘာနဲ့ ကွန်တာတို့ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှ အနိုင်ရသူနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

play


ဆရီနာဟာ ဂရင်းဆလင်း ပြိုင်ပွဲကြီး ၄ ခုမှာ ဗိုလ်လုပွဲကို ၂၆ ကြိမ်မြေက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံဆု စုစုပေါင်း ၂၁ ကြိမ် ဆွတ်ခူးထားနိုင်ပါတယ်။

play


ဂျာမနီ တင်းနစ်မယ် ကာဘာနဲ့ ဗြိတိန်သူ ကွန်တာတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယနေ့ နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဓူဝံဝက်ဘ်ဆိုက်ရဲ့ တိုက်ရိုက် တင်ဆက်မှုကို ဒီနေရာကိုနှိပ်ပြီး စောင့်ကြည့်နိုင်ပါတယ်။
ှSource & Photo: Australia Open, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ