Sports: နေရှင်နယ်လိဂ် ပွဲစဉ်များကို အခမဲ့ ရုပ်သံလိုင်းမှ ပြသရန် ဝန်ကြီးဌာနနှင့် ညှိနှိုင်းထား

အကယ်၍ ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပါက ပွဲစဉ် (၄) ရန်ကုန်နဲ့ ဧရာဝတီအသင်းတို့ ပွဲစဉ်ကို စတင်ပြသသွားမည်ဖြစ်သည်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည်၂၀၁၆ မြန်မာနေရှင် နယ်လိဂ်ပွဲများကို MRTV အခမဲ့ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြထားကာ အခမဲ့ ပြသဖို့အတွက် ညှိနှိုင်းမှု အဆင်ပြေနိုင်ကြောင်း သိရသည်။

play

 

အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ‘‘အခုလက်ရှိ ဆွေးနွေးနေတယ်ဆိုပေမဲ့ အခမဲ့ရုပ်သံလိုင်းက ပြဖို့အတွက် ရာခိုင်နှုန်း များပါတယ်။ ပြဖြစ်မယ်ဆိုရင် ပွဲစဉ် (၄) ရန်ကုန်နဲ့ ဧရာဝတီပွဲက စပြီး ပြသဖို့ရှိတယ်’’ဟု ပြောသည်။

play

 

အကယ်၍ ညှိနှိုင်းမှုများ အဆင်ပြေခဲ့ပါက ပွဲစဉ် (၄) ရန်ကုန်နဲ့ ဧရာဝတီအသင်းတို့ ပွဲစဉ်ကို စတင်ပြသသွားမည်ဖြစ်သည်။

play

 

လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် MNL Web TV နှင့် တိုက်ရိုက်ပွဲစဉ် ပြသမှုများကို MRTV-4 ၏ အခပေး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် For Sports မှ တိုက်ရိုက်ပြသပေးနေသည်။

Source: 7 Day Daily

Photo: MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ