Sports: ချဲလ်ဆီးအသင်း လက်စတာက ရှေ့တန်းကစားသမား ဗာဒီကို ခေါ်ယူမည်

ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ကာလမှာတော့ ဗာဒီကို အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

play

 

ယာယီအသင်းနည်းပြ ဟစ်ဒင့်လက်ထက်မှာ ရှုံးပွဲမရှိသေးတဲ့ ချဲလ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ အဓီက အင်္ဂလိပ် တိုက်စစ်မှူး ဂျေမီ ဗာဒီကို ယခုလမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

play

 

ချဲလ်ဆီးအသင်းဟာ ဘရာဇီးလ်တိုက်စစ်မှူး ပါတိုကို အဌားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီးနောက် အသင်းရဲ့ တိုက်စစ်ကို ဆက်ပြီး မြှင့်တင်ဖို့အတွက် ဗာဒီကို ရီမီနဲ့အလဲအလှယ် လုပ်ပြီးခေါ်ယူဖို့ရှိပါတယ်။

play

 

လက်စတာအသင်းဟာ သူတို့ရဲ့ အဓီက ကစားသမား ဗာဒီကို ထိုက်သင့်တဲ့ ပြောင်းရွေ့ကြေးရပါက အဆိုပါ အပြောင်းအရွေ့ဟာ ဖြစ်လာနိုင်ပေမယ့် ယခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ကာလမှာတော့ ဗာဒီကို အသင်းကနေ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ