Sports: ဂျာမနီသူ ကာဘာ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲ တက်ရောက်

ဆရီနာနဲ့ ကာဘာရဲ့ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play
ဂျာမနီ တင်းနစ်မယ် ကာဘာ


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ် ဒုတိပွဲစဉ်မှာ ဂျာမနီ တင်းနစ်မယ် ကာဘာက ဗြိတိန်သူ ကွန်တာကို အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားပါတယ်။

play


ယနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ ကာဘာက ကွန်တာကို ၇-၅၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁ နာရီနဲ့ ၂၂ မိနစ် ကြာမြင့်ခဲ့ပါတယ်။

play


ကွန်တာဟာ ၁၉၈၄ ခုနှစ်က ဂျို ဒူရီ နောက်ပိုင်း သြစတြေးလျအိုးပင်းမှာ အောင်မြင်မှု ရရှိလာတဲ့ ဗြိတိန် တင်းနစ်မယ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ဂျမနီသူ ကာဘာကို မယှဉ်နိုင်ဘဲ ရှုံးနိမ့် ထွက်ခွာခဲ့ရပါတယ်။

play
ဗြိတိန် တင်းနစ်မယ် ကွန်တာ


ကာဘာဟာ ဗိုလ်လုပွဲမှာ ဆရီနာ ဝီလျံနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆရီနာနဲ့ ကာဘာရဲ့ သြစတြေးလျအိုးပင်း ဗိုလ်လုပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် (စနေနေ့) မြန်မာစံတော်ချိန် မွန်းလွဲ ၃း၀၀ နာရီမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Source & Photo: Australia Open, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ