Sports: မန်ယူကို ရင်ဆိုင်ဖို့ လျှို့ဝှက်လက်နက်ရှိတယ်လို့ ပြောတဲ့ ဒါဘီနည်းပြ

ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းက အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ မန်ယူနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းနဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်မှာ တွေ့ရမယ့် ဒါဘီအသင်းနည်းပြက သူ့ထံမှာ မန်ယူကို ရင်ဆိုင်ဖို့ လျှို့ဝှက်လက်နက်ကောင်း တစ်ခုရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ဒါဘီနဲ့ မန်ယူအသင်းတို့က ဇန်နဝါရီ ၂၉ ရက် သောကြာနေ့ညမှာ ကစားကြရမှာ ဖြစ်ပါတယ်။

 ဒါဘီအသင်းနည်းပြ ပေါလ်ကလဲမန့်က ၂၀၁၅ ဇွန်လမှာ အသင်းကိုစတင်ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ကလဲမန့်ဟာ အရင်က နည်းပြအန်ဆလော့တီရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် နှစ်ပေါင်းအတန်ကြာ တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ပါတယ်။ ချယ်လ်ဆီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ အန်ဆလော့တီနဲ့ တွဲလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

play

 

ဒါကြောင့် မန်ယူကို ရင်ဆိုင်ရမယ့်ပွဲအတွက် အန်ဆလော့ထံကနေ အကြံဥာဏ်တွေ ရယူသွားမယ်လို့ ကလဲမန့်က ပြောပါတယ်။ “ ကျွန်တော်ဖုန်းဆက်ရင် ကာလို့စ်(အန်ဆလော့တီ) ကအသင့်ရှိနေမှာပါ။ ပွဲမတိုင်ခင်လည်း ကျွန်တော့်သူကို ဖုန်းဆက်စကားပြောဦးမှာပါ” လို့ ကလဲမန့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါဘီက နောက်ဆုံးငါးပွဲ နိုင်ပွဲပျောက်ထားတဲ့ အသင်းဖြစ်ပေမယ့် နောက်နှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့တော့ အခြေအနေ ကောင်းနေဆဲပါ။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ