Sports: ဒါဘီကိုရှုံးလျှင်လည်း မိမိအထုတ်ခံရကြောင်း သတင်းစာများ ရေးကြဦးမည်ဟု ဗန်ဟားလ် တုန့်ပြန်

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ လက်တွဲသွားမယ်လို့ ဗန်ဟားလ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

play

 

လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းတွေထွက်ခဲ့သလို မန်ယူအသင်းနည်းပြရာထူးက နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ နည်းပြဗန်ဟားလ်က သတင်းထောက်တွေကို တရားဝင်ပြောကြားလိုက်ပါတယ်။ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် မပြည့်မချင်း အသင်းက နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ဗန်ဟားလ်က ဆိုပါတယ်။ ဒါပေမယ့် ဒီည ကစားမယ့် ဒါဘီနဲ့ အက်ဖ်အေဖလားမှာ ရှုံးခဲ့ရင်လည်း ဗန်ဟားလ်အထုတ်ခံရပြီဆိုပြီး ရေးကြဦးမယ်လို့ သတင်းစာ သမားတွေကို ဗန်ဟားလ်က တုန့်ပြန်လိုက်ပါတယ်။

ဗန်ဟားလ်က သူနုတ်ထွက်ခွင့်တင်တယ် ဆိုတဲ့ သတင်းတွေကို ကြားရတာဟာ အတော်လေး စိတ်မချမ်းမသာ ဖြစ်ရကြောင်းနဲ့ တကယ့်ဆန္ဒအမှန်က အသင်းကို ဆက်ပြီးကိုင်တွယ်သွားဖို့သာ ဖြစ်ကြောင်း ပြောပါတယ်။ သူက ဒီလိုလုပ်တက်တဲ့သူမျိုး မဟုတ်ပဲ အမြဲတမ်း တိုက်ပွဲဝင်ချင်စိတ် ရှိသူသာ ဖြစ်တယ်လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။

play

 

“ကျွန်တော်အသင်းနဲ့ စာချုပ်ချုပ်ထားတာ သုံးနှစ်ပါ။ တစ်ပွဲတည်းအတွက် ချုပ်ထားတာ မဟုတ်ဘူး။ စာချုပ်သက်တမ်း ကုန်တဲ့အထိ ကျွန်တော် ဆက်သွားမှာပါ။ ဒီလိုလုပ်ဖို့လည်း အစီအစဉ်မရှိဘူး။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တုန်းကလည်း ဒီလိုပဲ။ စီအီးအိုနဲ့ အသင်းပိုင်ရှင်တွေက ကျွန်တော့်ကို ထောက်ခံထားကြတယ်” လို့ ဗန်ဟားလ်က အက်ဖ်အေဖလားအကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗန်ဟားလ်နဲ့ မန်ယူက ဒီကနေ့ညမှ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ အက်ဖ်အေလား စတုတ္ထအဆင့် ပွဲစဉ်ကို ကစားကြမှာ ဖြစ်ပါတယ်။

Source & Photos : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ