Sports: မန်စီးတီး ကစားသမား ဒီဘရိုင်း နှစ်လကျော် နားရတော့မည်

လာမယ့် ဧပြီလဆန်းရောက်မှသာ မန်စီးတီးအတွက် ဒီဘရိုင်း ပြန်ကစားနိုင်တော့မှာပါ။

play

 

အဲဗာတန်နဲ့ ကက်ပီတယ်ဝမ်းဖလားပွဲမှာ ထိခိုက်ဒဏ်ရာရသွားတဲ့ မန်စီးတီးကစားသမား ဒီဘရိုင်းက နှစ်လကျော်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဆေးစစ်ချက် ထွက်လာခဲ့ပြီးတဲ့နောက် အနည်းဆုံး ရက်သတ္တပတ် ဆယ်ပတ်ကြာ ပွဲကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ရက်သတ္တပတ် ဆယ်ပတ် နားရမယ့်အကြောင်းကို ဒီဘရိုင်းက သူ့ရဲ့တွစ်တာအကာင့်မှာလည်း ကြေငြာခဲ့ပြီးပါပြီ။ အဲဗာန်တန်နဲ့ပွဲစဉ်မှာ ဒီဘရိုင်းက တစ်ဂိုးသွင်းပေးခဲ့ပြီးတဲ့နောက် မန်စီးတီးက ၃-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ နှစ်လကျော်ကြာ အနားယူရမှာဖြစ်လို့ ဝင်ဘာလေကွင်းမှာ လီဗာပူးနဲ့ ကစားရမယ့် ကက်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲကို လွဲချော်တော့မှာပါ။

play

 

ဧပြီလဆန်းပိုင်းမှ ပြန်ကစားနိုင်တော့မယ်လို့ ခန့်မှန်းထားရတဲ့အတွက် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကိုလည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒီရာသီမန်စီးတီး တိုက်စစ်အတွက် အားထားနေရတဲ့ ဒီဘရိုင်းက ပရီးမီးယားလိဂ်မှာလည်း လီဗာပူး၊ မန်ယူ၊ စပါးတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ရတော့မှာပါ။

Source : ESPN

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ