Sports: အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မည်ဟု ကွန်ပျူတာ ဟောကိန်းထုတ်

လက်ကျန်ပွဲစဉ်တွေရဲ့ ရလဒ်ကို ခန့်မှန်းပြီး အမေရိကန်ကုမ္ပဏီတစ်ခု တီထွင်ထားတဲ့ ကွန်ပျူတာက ဟောကိန်းထုတ်လိုက်တာပါ။

play

 

အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုက တီထွင်ထားတဲ့ စက်ကိရိယာတစ်ခုရဲ့ ခန့်မှန်းချက်အရ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်အသင်းသာ ရလိမ့်မယ်လို့ ဆိုပါတယ်။ ရာသီကုန်အထိ ကစားဖို့ ကျန်နေသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရလဒ်တွေကို ခန့်မှန်းပြီး အခုလို အဖြေထုတ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်က ချယ်လ်ဆီးကို ရှုံးသွားခဲ့လို့ အမှတ်ဆုံးရှုံးသွားပြီး တတိယနေရာကို ရောက်သွားပါတယ်။ ဒါပေမယ့်လည်း ရာသီကုန်ရောက်တဲ့အခါ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ၄၅.၃ ရာခိုင်နှုန်း အခွင့်အရေးရှိတယ်လို့ ဆိုပါတယ်။ ပွဲစဉ် ၃၈ ပြီးဆုံးတဲ့ အခါ အာဆင်နယ်က ၇၈ မှတ် ရသွားလိမ့်မယ်လို့လည်း အဆိုပါ ကွန်ပျူတာက ခန့်မှန်းတွက်ချက်ထားပါတယ်။

play

 

လက်ရှိမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာက ချန်ပီယံလိဂ် ဝင်ခွင့်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မန်ယူအသင်းကတော့ ကံဆိုးစွာနဲ့ပဲ ချန်ပီယံလိဂ် ဝင်ခွင့်ကို လွဲချော်ဦးမယ်လို့ ဆိုပါတယ်။ လက်ရှိအဆင့်-၄ နေရာက စပါးက အ ဆင့်-၃ နဲ့ ရာသီသမ်းလိမ့်မယ်လို့ ကွန်ပျူတာက ခန့်မှန်းပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၄ ခုနှစ်တုန်း ကနောက်ဆုံး ရဖူးတာ ဖြစ်ပါတယ်။

 

အရင်ကလည်း မိုက်ခရိုဆော့ဖ်က တီထွင်ကွန်တာနားတို့လို စက်မျိုးတွေက ဘောလုံးပွဲတွေ ခန့်မှန်းခဲ့ဖူးပြီး  အထိုက်အလျောက် မှန်ကန်ခဲ့ဖူးပါတယ်။ တန်းဆင်းရမယ့် အသင်းတွေကတော့ နောဝှစ်ခ်ျ၊ ဆန်းဒါးလန်းနဲ့ အက်စတန်ဗီလာတို့ ဖြစ်ကြောင်း ကွန်ပျူတာက ဟောကိန်းထုတ်ပါတယ်။

Source : Bleacher

Photos : ESPNFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ