Sports: အီတလီနည်းပြ ကွန်တီကို နည်းပြခန့်အပ်ရန် ချယ်လ်ဆီး လျာထား

လက်ရှိမှာတော့ ကွန်တီက အီတလီလက်ရွေးစင် အသင်းနည်းပြ ဖြစ်ပါတယ်။

play

 

လက်ရှိဘောလုံးရာသီကုန်တဲ့အခါ နည်းပြသစ်ခန့်အပ်ဖို့အတွက် ချယ်လ်ဆီးအသင်းက အီတလီနည်းပြ ကွန်တီကို ဆက်သွယ်နေတယ်လို့ Daily Mail သတင်းစာက ဖော်ပြပါတယ်။ ကွန်တီကို အသင်းရဲ့ ကာလရှည် နည်းပြအဖြစ် ခန့်အပ်ဖို့ ချယ်လ်ဆီးက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လက်ရှိအီတလီနည်းပြ ကွန်တီနဲ့ ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာ ခရစ္စမတ်ကာလ မတိုင်ခင်ကတည်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပြီလို့ သတင်းတွေမှာ ရေးသားထားပါတယ်။ လာမယ့် နွေရာသီမှာ ကျင်းပပြုလုပ်မယ့် ဥသရောပချန်ပီယံရှစ်ပြိုင်ပွဲ ပြီးဆုံးတဲ့အခါ ကွန်တီက အီတလီလက်ရွေးစင်အသင်း ရာထူးက နုတ်ထွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်အသင်းနဲ့အတူ ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ အောင်မြင်မှု တွေရယူပြီးပြီ ဖြစ်တဲ့ နည်းပြကွန်တီဟာ လာမယ့်နွေရာသီကုန်ရင် ရာထူးက နုတ်ထွက်ဖို့ ဘောလုံးအဖွဲ့ချုပ်ကို သဘောတူညီမှု ယူပြီးသွားလို့ ဆိုပါတယ်။ ကွန်တီဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း မန်ယူအသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းခံရဖူးတယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ