Sports: မန်ယူကစားသမားဟောင်း ဗီဒစ် ဘောလုံးသမားဘဝမှ အနားယူ

ဗီဒစ်က မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရထားသူ ဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဗီဒစ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝက အနားယူလိုက်ပြီ ဖြစ်ပါတယ်။ နည်းပြဖာဂူဆန်လက်အောက်မှာ ပရီးမီးယားလိဂ် ဖလားငါးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ရယူခဲ့သူဖြစ်ပါတယ်။

play

 

အခု စီးရီးအေကလပ် အင်တာမီလန်အသင်းမှာ နောက်ဆုံး ကစားခဲ့ပြီးတဲ့နောက် ဒီရာသီမှာ ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရတဲ့ နောက်ပိုင်း အနားယူဖို့ နောက်ခံလူ ဗီဒစ်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းမှာ ရှစ်နှစ်ကြာ ကစားခဲ့တဲ့ ဗီဒစ်ဟာ စီးရီးအေကို ရောက်ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။

play

 

“ ကျွန်တော့်ရဲ့ ဘောလုံးကန်ဖိနပ်တွေကို ဖိနပ်စင်မှာ ထားဖို့ အချိန်ရောက်လာပါပြီ။ ကျွန်တော်နဲ့ အတူတူကစားဖူးခဲ့တဲ့ ကစားသမားတွေ၊ မန်နေဂျာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကိုတော့ ကျေးဇူးအကြီးကြီး တင်ရမှာပါ” လို့ ဗီဒစ်က ပြောခဲ့ပါတယ်။

play

 

၂၀၁၄ မှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက်ပိုင်း ဗီဒစ်ဟာ ပထမဆုံး ရာသီမှာ ၂၈ ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒဏ်ရာကြောင့် တစ်ပွဲမှ မကစားနိုင်သေးပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ