Sports: ဘန်လေနဲ့ပွဲမှာ ကစားသမားသစ်ကို အာဆင်နယ်ပွဲထုတ်မည်

ဘေဆယ်လ်အသင်းက ခေါ်ယူထားတဲ့ ကွင်းလယ်လူ အယ်နန်နီအတွက် ဘန်လေနဲ့ အက်ဖ်အေပွဲဟာ ပွဲဦးထွက် ဖြစ်လာမှာပါ။

play

 

ဘေဆယ်အသင်းကနေ မကြာသေးခင်ကမှ ခေါ်ယူလိုက်တဲ့ မိုဟာမက်အယ်လ်နန်နီကို အာဆင်နယ်အသင်းနဲ့ ပထမဆုံး ပွဲဦးထွက်အဖြစ် ဒီကနေ့ည မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။  အသင်းနဲ့အတူ ဟန်ချက်ညီညီကစား နိုင်မယ်လို့ မျှော်လင့်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။

မိုဟာမက်အယ်လ်နန်နီက ဘေဆယ်အသင်းမှာ သုံးနှစ်ကစားခဲ့ပြီးနောက် အမှတ်ပေးချန်ပီယံဆု သုံးခါခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်က အက်ဖ်အေဖလားစတုတ္ထအဆင့်အဖြစ် ဘန်လေအသင်းကို အာဆင်နယ်က အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။ အာဆင်နယ်အသင်းဘက်မှာ ရိုဆစ်စကီးနဲ့ ကိုကီလင်းတို့လည်း ပြန်ပါလာပါတယ်။ အသင်းကွင်းလယ်မှာ တိုက်စစ်ကို အဓိကပံ့ပိုးပေးရတဲ့ နေရာမျိုးက အယ်နန်နီက ကစားရမှာ ဖြစ်ပါတယ်။

play

 

“တစ်ခါတစ်လေမှာ အရှေ့အလယ်ပိုင်းက ကစားသမားတွေက ပိုပြီးပေါ့ပါးသွက်လက်စွာ ကစားနိုင်လေ့ ရှိတယ်။ သက်လုံလည်း အရမ်းကောင်းတယ်။ သူက အားကောင်းမောင်းသန် ကစားသမားမျိုး မဟုတ်ပေမယ့် ဘယ်အချိန်မှာ ဘယ်ကိုရွေ့လျားသွားရမလဲဆိုတာ ကောင်းကောင်းသိသူဖြစ်တယ်” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

Source : Goal

Photos : IBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ