Sports: သြစတြေးလျအိုးပင်း ချန်ပီယံဆုဖလားကို ကာဘာ သိမ်းပိုက်

ကာဘာဟာ ၁၉၉၉ ခုနှစ်က ပြင်သစ်အိုးပင်းမှာ ဆုဖလားရရှိခဲ့သူ စတက်ဖနီ ဂရက်ဖ်နောက်ပိုင်း ဂရင်းဆလင်းပြိုင်ပွဲ ချန်ပီယံဆု ရရှိတဲ့ ပထမဆုံး ဂျာမန်လူမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

play


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ ဂျာမနီသူ အန်ဂျလီကေး ကာဘာက ကမ္ဘာ့အဆင့် နံပါတ် ၁ တင်းနစ်မယ် ဆရီနာ ဝီလျံကို အံ့အားသင့်ဖွယ် အနိုင်ယူပြီး ချန်ပီယံ ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားပါတယ်။

play


ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၇ မှာ ရပ်တည်နေတဲ့ ကာဘာက သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၆ ကြိမ် ရယူထားတဲ့ ဆရီနာကို ၆-၄၊ ၃-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

play


ကာဘာအတွက် သြစတြေးလျအိုးပင်း ချန်ပီယံဆုက တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် ပထမဆုံး ဂရင်းဆလင်းပြိုင်ပွဲ ဆုဖလားလည်း ဖြစ်လာပါတယ်။

play


ဒါ့အပြင် ကာဘာဟာ ၁၉၉၉ ခုနှစ်က ပြင်သစ်အိုးပင်းမှာ ဆုဖလားရရှိခဲ့သူ စတက်ဖနီ ဂရက်ဖ်နောက်ပိုင်း ဂရင်းဆလင်းပြိုင်ပွဲ ချန်ပီယံဆု ရရှိတဲ့ ပထမဆုံး ဂျာမန်လူမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

play


အမေရိကန် တင်းနစ်မယ် ဆရီနာက ယမန်နှစ် သြစတြေးလျအိုးပင်း ချန်ပီယံဖြစ်ပြီး သူမရဲ့ ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းဆလင်းပြိုင်ပွဲ ၄ ခုမှာ စုစုပေါင်း ချန်ပီယံဆု ၂၁ ကြိမ် ရရှိထားသူ ဖြစ်ပါတယ်။


Source: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ