Sports: ဆွာရက်ဇ်ရဲ့ သွင်းဂိုးနဲ့ ဘာစီလိုနာ အနိုင်ရ

, updated

အသလက်တီကိုဘက်က ဦးဆောင်ဂိုးအရင်ရခဲ့ပေမယ့် ဘာစီလိုနာက နှစ်ဂိုးသွင်းပြန်နိုင်ခဲ့ပါတယ်။

play

 

စပိန်လာလီဂါပွဲစဉ် ၂၂ မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင်နေတဲ့ ဘာစီလိုနာက အသလက်တီကို အသင်းကို ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ အနိုင်ကစားပြီးနောက် အမှတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသလက်တီကိုအသင်းက ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ဘာစီလိုနာကို နှစ်ဂိုး ပြန်ပေးရပြီး နှစ်ယောက် အထုတ်ခံခဲ့ရပါတယ်။

ပွဲစပြီး ၁၀ မိနစ်မှာတင် အသလက်တီကိုအသင်း ဂိုးစရပါတယ်။ ညာခြမ်းကနေ ဆောလ်ရဲ့ ပေးပို့မှုကို ကိုကီ အဆုံးသတ်နိုင်ခဲ့တာပါ။  အဲဒီနောက် ဘာစီလိုနာ ပြန်လည် ဖိအားပေးခဲ့ပေမယ့် နေမာ၊ မက်ဆီနဲ့ ဆွာရက်ဇ်တို့ သုံးဦး အပိုင်ကန်ခွင့်မရဖြစ်နေခဲ့ပါတယ်။ ဘာစီလိုနာ ကစားသမားတွေကို ခပ်ကြမ်းကြမ်းကစားလို့ အသလက်တီကို ကစားသမားတွေ အဝါကတ် ပြသခံရပါတယ်။

play

 

မိနစ်သုံးဆယ်မှာတော့ နေမာရဲ့ အားထုတ်မှုကတဆင့် အယ်လာဘာဆီ ဘောလုံးရောက်လာခဲ့ပြီးတဲ့နောက် မက်ဆီ ကန်ခွင့်ရသွားပါတယ်။ မက်ဆီရဲ့ချေပဂိုး ရပြီး နောက်ထပ် ၈ မိနစ်အကြာမှာက ဦးဆောင်းဂိုး ထပ်ရပါတယ်။ အဲဗက်စ်ရဲ့ ဖြတ်တင်ပေးမှု ဆွာရက်ဇ်ဆီ တိုက်ရိုက်ရောက်ခဲ့ပြီး ဆွာရက်ဇ်က နောက်ခံလူ ကို ကျော်ဖြတ်ကာ ဂိုးသမား ပေါင်ကြားထဲက သွင်းယူသွားတာပါ။ ၄၄ မိနစ်မှာ မက်ဆီကို အဖျက်ကြမ်းခဲ့လို့ အသလက်တီကို ကစားသမား ဖိလစ်လူးဝစ္စအထုတ်ခံရပါတယ်။

play

 

ဒုတိယပိုင်းရောက်တော့ အသလက်တီကို နောက်ခံလူ ဂိုဒင်ထပ်ပြီး အထုတ်ခံလိုက်ရပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာ ဂိုးရဖို့ အခွင့်ရေးတစ်ချို့ ထပ်ရပေမယ့် လွဲချော်ခဲ့လို့ ၂-၁ ဂိုးနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

Source : Goal
Photos : Sprots Mole

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ