Sports: ပရိသတ်ကို ကျေးဇူးတုန့်ပြန်တဲ့ အေဂျက်ဇ်အသင်း

အသင်းကို အမာခံအားပေးလာတဲ့ ပရိသတ်ရဲ့ အခက်အခဲကို အေဂျက်ဇ်အသင်းက ရာသက်ပန်ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

play

 

အသင်းရဲ့ပွဲစဉ်တွေကို အစဉ်တစိုက်အားပေးလာတဲ့ အမျိုးသမီးတစ်ဦးကို ဟော်လန်ကလပ် အေဂျက်ဇ် ဘောလုံးအသင်းက ရာသက်ပန်ခံစားခွင့် တစ်ခုပေးလိုက်ပါတယ်။ အဲဒါကတော့ အဆိုပါ အမျိုးသမီးအတွက် အေဂျက်ဇ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ် မကစားခင်တိုင်းမှာ ကားလွှတ်ပြီး အပိုအကြို့ လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

အေဂျက်ဇ်ကို နှစ်ပေါင်း ၆၀ လောက်အားပေးလာပြီး အသင်းရဲ့ ပွဲစဉ်တိုင်းနီးပါး လာရောက်ကြည့်ရှုခဲ့သူ အဆိုပါ အမျိုးသမီးဟာ အခုချိန်မှာ အသက်အရွယ်ကြောင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပြီး မသွားနိုင်တော့ဘူးလို့ တွစ်တာမှာ အကြောင်းကြားခဲ့ပါတယ်။ အဲဒါကြောင့် အေဂျက်ဇ်အသင်းက သတိထားမိသွားပြီး ကားလွှတ်ကာ အပို့အကြိုလုပ်ပေးဖို့ စီစဉ်ခဲ့တာပါ။

play

 

အစီအစဉ် အသေးစိတ်ကို မသိရေးသေပေမယ့် နောင်လာမယ့် အေဂျက်ဇ်ရဲ့ ပွဲစဉ်တိုင်း အဆိုပါအမျိုးသမီး အခမဲ့ ကြည့်ရှုခွင့် ရဖွယ်ရှိပါတယ်။ အေဂျက်ဇ်ရဲ့ ဘောလုံးကွင်းနဲ့ သူမရဲ့ အိမ်က မိုင် ၃၀ လောက်ကွာဝေးပါတယ်။

Source & Photos : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ