Sports: ဒီဂီယာကို ခေါ်ဖို့ ရီးရဲလ်မက်ဒရစ် ထပ်မံ ကြိုးစားနေ

ကစားသမားဝယ်ယူခွင့်ပြစ်ဒဏ် ဆိုင်းငံ့ပေးလိုက်လို့ ရီးရဲလ်မက်ဒရစ်က လာမယ့် နွေရာသီအထိ ကစားသမား ဝယ်ယူခွင့် ရသွားပါပြီ။

play

 

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက မန်ယူအသင်း ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ပြန်လည်ကြိုးနေကြောင်း စပိန်သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ ဖီဖာက ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီုနှစ်သင်းရဲ့ ကစားသမား အပြောင်းအရွှေ့ပိတ်မယ့် ပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးလိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်က ပြန်ကြိုးစားလာတာ ဖြစ်ပါတယ်။

play

 

လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမား နောက်ဆုံး ဝယ်ယူခွင့် ရတဲ့ ကာလဖြစ်လာနိုင်ပါတယ်။ စပိန်က AS သတင်းစာရဲ့ အဆိုအရ ရီးရဲလ်ဥက္ကဌပီရက်ဇ်က ဂိုးသမား ဒီဂီယာကို ခေါ်ဖို့ အပူတပြင်း ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ သတင်းထဲမှာ ရေးသားချက်အရ ရီးရဲလ်မက်ဒရစ်နဲ့ ကစားသမားအကြား သဘောတူညီမှု ရပြီးသွားပြီလို့ ဆိုပါတယ်။

၂၀၁၅-၁၆ ဘောလုံးရာသီအစ နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာ ဒီဂီယာက ရီးရဲလ်မက်ဒရစ်ကို ရောက်လုနီးနီး ဖြစ်ခဲ့ပါသေးတယ်။ ကစားသမားကိုယ်တိုင်ကလည်း စပိန်ကလပ်ကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် နောက်ဆုံး သတ်မှတ်ရက်အရောက်မှာ စာရွက်စာတမ်းတွေ အချိမီ မပို့နိုင်ခဲ့လို့ အပြောင်းအရွှေ့ ပျက်ခဲ့ရပါတယ်။

Source : The Times

Photos : Daily Mail, Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး