Sports: ဟာဇက်နေရာ အစားထိုးရန် အသလက်တီကိုမှ ဂရိဇ်မန်းကို ချယ်လ်ဆီး ပစ်မှတ်ထား

လက်ရှိရာသီ ကုန်ဆုံးတဲ့အခါ ဟာဇက်က ပီအက်စ်ဂျီသို့မဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ နီးစပ်နေပါတယ်။

play

 

အသင်းက မကြာခင် ထွက်ခွာဖို့ရှိတဲ့ ကွင်းလယ်ကစားသမား အီဒင်ဟာဇက်နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးအသင်းက အသလက်တီကို ကစားသမား ဂရိဇ်မန်းကို ခေါ်ဖို့ ကြိုးစားနေပြီလို့ ဗြိတိန်သတင်း တစ်ရပ်က ဖော်ပြပါတယ်။ လာမယ့်နွေရာသီရောက်လာရင် ချယ်လ်ဆီးကစားသမား ဟာဇက်ကို ရီးရဲလ်မက်ဒရစ် သို့မဟုတ် ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။

play

 

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရိဇ်မန်းဟာ လက်ရှိရာသီမှာလည်း အသင်းအတွက် ခြေစွမ်းပြနေသလို ပြီးခဲ့တဲ့ နှစ်ရာသီမှာလည်း အားထားရတဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ ရောက်တဲ့အခါ အသလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ်က ကစားသမား ဝယ်ယူရောင်းချခွင့် အပိတ်ခံရတော့မှာဖြစ်လို့ လာမယ်နွေရာသီ မှာ ဒီအပြောင်းအရွှေ့ကို လက်စသတ်ဖွယ် ရှိနေပါတယ်။ ဂရိဇ်မန်းနဲ့ အသလက်တီကို ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်နွေမှာ စတာလင်ပေါင် သန်း ၆၀ လောက်ပေးရင် ခေါ်ယူခွင့်ရနိုင်မယ်ဆိုတဲ့ အချက်ရှိနေပါတယ်။

play

 

ပြင်သစ်ကစားသမားဖြစ်တဲ့ ဂရိဇ်မန်းကို အခြားဥရောပအသင်းကြီးတွေကလည်း မျက်စိကျနေတာပါ။ ပီအက်စ်ဂျီကလည်း မကြာခင် အီဗရာဟီမိုဗစ်ခ်ျနဲ့ လမ်းခွဲဖွယ် ရှိနေတာကြောင့် တိုစစ်နေရာ အစားထိုးဖို့ အတွက် ဟာဇက်ကို မျက်စိကျနေပါတယ်။ ဂရိဇ်မန်းကို ချယ်လ်ဆီးက ပေါင်သန်း ၆၀ ပေးပြီး ခေါ်နိုင်ခဲ့ရင်တော့ အသလက်တီကိုသမိုင်းမှာ တန်ဖိုးအကြီးဆုံး ကစားသမား ဖြစ်လာမှာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ