Sports: သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ဂျိုကိုဗစ် ၂ နှစ်ဆက်တိုက် ရရှိ

ဂျိုကိုဗစ်က သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

play


သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာ နိုဗက်ခ် ဂျိုကိုဗစ်က အန်ဒီ မာရေးကို အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ၂ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။

play


ကမ္ဘာ့အဆင့် သတ်မှတ်ချက် နံပါတ် ၁ ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က ကမ္ဘာ့အဆင့် နံပါတ် ၂ ဖြစ်သူ မာရေးကို ၆-၁၊ ၇-၅၊ ၇-၆ ဖြင့် သုံးပွဲပြတ် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

play


ဂျိုကိုဗစ်ဟာ ယမန်နှစ် ပြိုင်ပွဲမှာလည်း ဆုဖလား ဆွတ်ခူးထားနိုင်ခဲ့တာကြောင့် သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်။

play


ယခုနှစ် သြစတြေးလျအိုးပင်း ဆုဖလား အပါအဝင် ဂျိုကိုဗစ်ရဲ့ တင်းနစ်ကစားသမား သက်တမ်းတစ်လျှောက် ဂရင်းဆလင်းပြိုင်ပွဲ ၄ ခုမှာ စုစုပေါင်း ချန်ပီယံဆု ၁၁ ကြိမ် ရရှိခဲ့ပါတယ်။

play


ဂျိုကိုဗစ်က သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Australia Open

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ