Sports: အော်စကာရဲ့ ဟက်ထရစ်နဲ့ ချယ်လ်ဆီး နောက်တစ်ဆင့်တက်

ချန်ပီယံရှစ်ကလပ် အမ်ကေဒွန်းအသင်းကို ချယ်လ်ဆီးက အော်စကာရဲ့ ဟက်ထရစ်ဂိုးအပါအဝင် ငါးဂိုးသွင်းပြီး အနိုင်ရသွားပါတယ်။

play

 

အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ချယ်လ်ဆီးအသင်းက ချန်ပီယံရှစ်ကလပ် အမ်ကေဒွန်းအသင်းနဲ့ ရင်ဆိုင်ရပေမဲ့ ကော်စတာ၊ ဟာဇက်၊ အော်စကာ၊ ဖာဘရီဂတ်စ်နဲ့ မာတစ် အားလုံးကို လူစုံထုတ် ကစားခဲ့ပါတယ်။ ချယ်လ်ဆီးက သက်သက်သာသာနဲ့ နိုင်ပွဲရသွားခဲ့တာဖြစ်ပါတယ်။

play

 

ပွဲစပြီး သုံးမိနစ်အကြာမှာတင် ချယ်လ်ဆီးဘက်က တိုက်စစ်မှူးကော်စတာရဲ့ ကန်ချက်ကို အမ်ကေဒွန်း ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ၁၆ မိနစ်မှာတော့ ချယ်လ်ဆီးအတွက် အဖွင့်ဂိုးရသွားခဲ့ပါတယ်။ အမ်ကေဒွန်း နောက်ခံလူ လူပေးမှားတာကတဆင့် ကော်စတာဘောလုံးရသွားပြီး ဂိုးသမားတစ်ယောက်ချင်းအတွေ့မှာ အော်စကာ ကို ပေးလိုက်လို့ အော်စကာ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

play

 

တစ်ဂိုးရသွားပြီးတဲ့နောက် ချယ်လ်ဆီးက ပေါ့ပေါ့ဆဆ ကစားခဲ့သလို အမ်ကေဒွန်းကလည်း ကစားပုံပိုပြီး ကောင်းလာပါတယ်။ အမ်ကေဒွန်းရဲ့ အားထုတ်မှု ကောင်းခဲ့လို့ ၂၁ မိနစ်မှာ ချေပဂိုးပြန်ရပါတယ်။ ဂိုးဧရိယာထိပ်ကနေ ပေါ်တာရဲ့ကန်ချက် မာတစ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့တာပါ။

play

 

ချယ်လ်ဆီး ပြန်ဖိကစားခဲ့ပေမဲ့ တိုက်စစ်က လျော့တိလျော့ရဲ ကစားနေခဲ့လို့ ဂိုးတွေ ရသင့်သလောက် မရခဲ့တာပါ။ ၃၃ မိနစ်မှာ လော့တက်စ်ချိခ်ရဲ့ ပေးပို့မှုကို နောက်ခံလူ တားနေတဲ့ ကြားထဲက အော်စကာက သွင်းယူနိုင်ခဲ့တာပါ။ ၄၄ မိနစ်မှာလည်း အော်စကာကပဲ သူ့အတွက်ဟက်ထရစ်ဖြစ်စေမယ့် ဂိုးကို သွင်းနိုင်ခဲ့တာပါ။ ဂိုးဧရိယာထိပ်က ဆွဲပြေးလာပြီး အပြင်းကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

အမ်ကေဒွန်းနဲ့ ချယ်လ်ဆီးရဲက ခြေစွမ်းက အတော်လေးကွဟခဲ့ပါတယ်။ ကော်စတာရဲ့ အပိုင်းကန်သွင်းချက် နှစ်ကြိမ်နဲ့ ဟာဇက်ရဲ့ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ကန်သွင်းချက် တစ်ကြိမ်သာ ဂိုးဝင်ခဲ့မယ် ဆိုရင် ပထမပိုင်းကတည်းက ဂိုးဒါဇင်ဝက်လောက် ရခဲ့မှာ ဖြစ်ပါတယ်။

 ဒုတိယပိုင်း ပြန်စပြီး ၅၅ မိနစ်မှာ ဟာဇက်ကြောင့် ချယ်လ်ဆီး ပင်နယ်တီရပြီး ဒီပင်နယ်တီကို ဟာဇက်ကပဲ ကန်သွင်းလိုက်ပါတယ်။ အဲဒီနောက် တိုက်စစ်မှူး ကော်စတာနဲ့ ထရာအိုရေးကို လူစားလဲလိုက်ပါတယ်။ လူစားဝင်လာပြီး ငါးမိနစ်အကြာမှာပဲ ထရာအိုရေးက ချယ်လ်ဆီးကအတွက် ငါးဂိုးမြောက်ဂိုး သွင်းနိုင်ခဲ့ပါတယ်။  ဟာဇက်ရဲ့ ပေးပို့မှုကတစ်ဆင့် ထရာအိုရေး အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

play

 

အဲဒီနောက်မှာ ဟာဇက်နဲ့ အော်စကာတို့ကို ချယ်လ်ဆီး လူစားလဲပြီး အနားပေးလိုက်ပါတယ်။ ဂိုးထပ်မသွင်းနိုင် ကြတော့လို့ ပွဲအပြီးမှာ ဧည့်သည်ချယ်လ်ဆီးအသင်းက ၁-၅ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် တက်သွားပါတယ်။ တစ်ဖက်မှာလည်း အဲဗာတန်က ကားလိစ်ယူနိုက်တက်ကို သုံးဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့် တက်ခဲ့ပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ