play


ဘာစီလိုနာအသင်း တိုက်စစ်မှူး လီယွန်နယ် မက်ဆီတစ်ယောက် ဘောလုံးရာသီ ၂ ရာသီကျော် စောင့်ဆိုင်းခဲ့ရတဲ့ ဆုတစ်ဆုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

play


စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲတွေမှာ လစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ၂၀၁၃-၁၄ ဘောလုံးရာသီမှာ စတင် ရွေးချယ်ချီးမြှင့်ခဲ့တာပါ။

play


ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုကို ၅ ကြိမ်တိုင် ရရှိထားခဲ့ပေမယ့် မက်ဆီဟာ လာလီဂါရဲ့ လစဉ်အကောင်းဆုံး ကစားသမားဆုကို ယခင်က တစ်ကြိမ်မျှ မရရှိခဲ့ပါဘူး။

play


ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် လာလီဂါအကောင်းဆုံး ကစားသမားဆုကိုတော့ မက်ဆီ ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဇန်နဝါရီလအတွင်း ဘာစီလိုနာအတွက် လာလီဂါပွဲစဉ် ၅ ပွဲကစားကာ ၆ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play


မက်ဆီဟာ လာလီဂါရဲ့ လစဉ်အကောင်းဆုံး ကစားသမားဆု ရရှိတဲ့ ဒုတိယမြောက် ဘာစီလိုနာ ကစားသမား ဖြစ်လာပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး နေမာက ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ အဆိုပါဆုကို ရရှိခဲ့ပါတယ်။

ရီးရဲ့လ်မက်ဒရစ် စတား ရော်နယ်လ်ဒိုက လာလီဂါရဲ့ လစဉ်အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိခဲ့ပါတယ်။ လာလီဂါရဲ့ လစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ် ရရှိထားသူတွေက အက်သလက်တီကိုမှ ဒီယေဂို ဂေါ့ဒင်နဲ့ ဂရီဇ်မန်း၊ ဆိုစီဒက် တိုက်စစ်မှူး ကားလို့စ် ဗီလာတို့ ဖြစ်ပါတယ်။
Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video