AD
AD
AD
play

 

၂၀၁၆ ခုနှစ်ရဲ့ ဗယ်လင်တိုင်းဒေးအရောက်မှာ လက်စတာအသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေမယ်လို့ ဘယ်သူမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။ မနှစ်ကတန်းမဆင်းရအောင်ရုန်းကန်ခဲ့ရတဲ့ လက်စတာဟာ အခုတော့ ပရီးမီးယားလိဂ်ဖလားကို ယူဖို့အခြေအနေအကောင်းဆုံး အသင်းဖြစ်နေပါပြီ။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ မကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ လက်စတာ - အာဆင်နယ်

play

 

မန်စီးတီးကို သုံးဂိုးသွင်းပြီး အနိုင်ယူလိုက်တဲ့ လက်စတာရဲ့ခြေစွမ်းကို ကြည့်ပြီးတဲ့နောက် လက်စတာဟာ ကံကောင်းလို့ အမှတ်ပေးဇယားကို ရောက်နေတာမဟုတ်ဘူးဆိုတာ အားလုံးသိသွားပါပြီ။ ဒီတစ်ပတ် လက်စတာကို ထပ်ပြီးစမ်းသပ်မယ့်အသင်းက အာဆင်နယ်ပါ။ မန်စီးတီးကို နိုင်ခဲ့ပြီးပြီဖြစ်လို့ အာဆင်နယ်ပွဲမှာ လက်စတာ ရလဒ်ထပ်ကောင်းမယ်ဆိုရင်တော့ ကိုယ်တိုင်ရမှတ်တိုးလာရုံသာမက ဖလားလုဘက် အသင်းတွေကို ရမှတ်လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာလက်စတာ ဘယ်လိုရလဒ်ထွက်လာဦးမလဲ စိတ်ဝင်စားစရာပါ။

၂။ မန်စီးတီး - စပါး

play

 

နောက်စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲက မန်စီးတီး - စပါးပွဲစဉ်ပါ။ မန်စီးတီးနဲ့ အာဆင်နယ် ရမှတ်တွေ ဆုံးရှုံးနေချိန်မှာ စပါးက ရလဒ်ကောင်းခဲ့လို့ အဆင့်-၂ ကိုရောက်နေပါပြီ။ စပါးအသင်း ချန်ပီယံဆုကို တကယ်စိန်ခေါ်နိုင်ပြီလားဆိုတာ ဒီပွဲက အဆုံးအဖြတ် ပေးမှာပါ။

၃။ မန်ယူ ရလဒ်ကောင်းမလား

အခုဆိုရင် မန်ယူက အဆင့်-၄ နေရာဝင်ဖို့တောင် အတော်လေး အလှမ်းဝေးနေပါပြီ။ ပွဲစဉ် ၂၆ မတိုင်ခင်မှာ အဆင့်-၄ နေရာက မန်စီးတီးနဲ့ ခြောက်မှတ်ကွာနေပါတယ်။ ထိပ်ပိုင်းလေးသင်းက အချင်းချင်းပြန်တွေ့နေကြ ချိန်မှာ မန်ယူနိုင်ပွဲခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ ပြန်နီးစပ်လာမှာပါ။ မန်ယူက ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

၎။ ခရစ္စတယ်ပဲလေ့စ် - ဝက်ဖို့ဒ်

play

 

၂၀၁၆ ထဲမှာ ရလဒ်တွေဆိုးရွားနေတဲ့ နှစ်သင်းတွေ့တဲ့ပွဲပါ။ ရာသီဝက်လောက်အထိ ဒီနှစ်သင်း ရလဒ်တွေ ကောင်းခဲ့ပါတယ်။ ရလဒ်တွေဆိုးနေတာခြင်းအတူတူ ဘယ်အသင်းက ရုန်းထွက်နိုင်မလဲ စိတ်ဝင်စားစရာပါ။

၅။ စောင့်ကြည့်ရမယ့် အဲဗာတန်နဲ့ ဝက်စ်ဘရွန်း

play

 

အဲဗာတန်က ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အခုတော့ အလှမ်းဝေးနေပါပြီ။ ယူရိုပါလိဂ် ပြိုင်ပွဲလောက်ပဲ တိုက်ရိုက်ဝင်နိုင်အောင် မျှော်လင့်ရတော့မှာပါ။ မထင်ထားတဲ့ကြားက ရလဒ်တွေကောင်းခဲ့တဲ့ ဝက်စ်ဟမ်းကြောင့်အဲဗာတန်ရဲ့ ဥရောပပြိုင်ပွဲအိပ်မက ပျက်စီသွားနိုင်ပါတယ်။ အဲဗာတန်ကို ဒီတစ်ပတ် ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ရလဒကောင်းမလား စောင့်ကြည့်ရမှာပါ။

Source : NBC

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD