AD
AD
AD
play

 

ပြိုင်ဘက်ဘရီမင်အသင်းကို လေးစားမှု မပြသပဲ လူမှုကွန်ယက်တွစ်တာပေါ် တင်လိုက်တဲ့ ပို့စ်တစ်ခုကြောင့် ဘိုင်ယန်မြူးနစ်အသင်း ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်က ဘိုချန်အသင်းကို ပိုကယ်ဖလားမှာ အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်တက်သွားချိန်မှာ ဒီဖြစ်ရပ် ဖြစ်လာခဲ့တာပါ။

ပိုကယ်ဖလား ဆီမီးဖိုင်နယ်မှာ ဘရီမင်နဲ့တွေ့ရမှာ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က တရားဝင်တွစ်တာအကောင့်ကနေ ဗီဒီယို ပို့စ်တစ်ခု တင်လိုက်ပါတယ်။ အဆိုတော်ဘီယွန်းဆေးရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ တစ်စုံတစ်ခုကို  လက်ပြပြီး ခေါ်ယူနေတဲ့ ပို့စ်ဖြစ်ပါတယ်။

play

 

ဘီယွန်းဆေးနဲ့ အမူအယာနဲ့ တွဲပြီး ဘရီမင်နဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ပြီပေါ့ ဆိုတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ စာသားက ပြိုင်ဘက်ကို မလေးစားရာ ရောက်တာကြောင့် ပရိသတ်တွေက ဝေဖန်ခဲ့ပါတယ်။ နောက်တစ်ရက်အကြာမှာ ဘိုင်ယန်မြူးနစ် ပရိသတ်တွေ၊ ဘရီမင်ပရိသတ်တွေနဲ့ ဘောလုံးပရိသတ်တွေကို တောင်းပန်ကြောင်း ဘိုင်ယန်က တရားဝင်စာထုတ်ခဲ့ပါတယ်။

Source : ESPN

PHoto : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD