play

 

အငြင်းပွားဖွယ်ရာ ကိစ္စတွေ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ ဆွာရက်ဇ်က လီဗာပူးအသင်းကနေ ဘာကြောင့် ထွက်ခွာခဲ့ရသလဲ ဆိုတာကို ထုတ်ပြောလိုက်ပါတယ်။ လီဗာပူးက ထွက်ခွာလာရတဲ့ အကြောင်းအရင်းဟာ ချန်ပီယံလိဂ်ရဖို့အတွက် ဖြစ်တယ်လို့ ဆွာရက်ဇ်က ဝန်ခံပါတယ်။

ဘာစီလိုနာကိုရောက်တဲ့ ပထမဆုံး ရာသီမှာပဲ ဆွာရက်ဇ်က ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရတဲ့အပြင် ဖလားသုံးလုံးလည်း တစ်ပြိုင်တည်းရခဲ့ပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ဆွာရက်ဇ်က လီဗာပူးအတွက် ၃၂ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်း ချန်ပီယံဆုကို ရလုနီးနီးဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ ခြေချော်ခဲ့တာကြောင့် မန်စီးတီးအသင်းပဲ ဖလားရသွားခဲ့ပါတယ်။

play

 

လီဗာပူးအသင်းအနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့်မရ ဆက်ဖြစ်နေဦးမယ်ဆိုရင် ကစားသမားကောင်းတွေကို ခေါ်ဖို့ ခက်လိမ့်ဦးမယ်လို့ ဆွာရက်ဇ်က ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video