play

 

ဆန်းဒါးလန်းအသင်းကို မန်ယူရှုံးနိမ့်ခဲ့ပြီးနောက် ဗန်ဟားလ်နေရာမှာ မော်ရင်ဟိုကို အစားထိုးပေးဖို့ မန်ယူပရိသတ်များစွာက တောင်းဆိုလိုက်ပါတယ်။ အသင်းအမှုဆောင်ချုပ်ဝုဒ်ဝက်ထံ ရည်ညွှန်းပြီး  လူမှုကွန်ယက်စာမျက်နှာတွေမှာ မန်ယူအသင်းပရိသတ်တွေ တောင်းဆိုနေကြတာပါ။

play

 

ဆန်းဒါးလန်းအသင်းရဲ့ ဦးဆောင်ဂိုးကို မန်ယူတိုက်စစ်မှူး မာရှယ်က ၃၉ မိနစ်မှာ ပြန်ချေပနိုင်ခဲ့ပေမယ့် ၈၁ မိနစ်မှာ ဂိုးပြန်ပေးလိုက်ရတာကြောင့် မန်ယူရှုံးသွားပါတယ်။ ဒီပွဲအပြီးမှာ မန်ယူအသင်းပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ဝေဖန်နေကြတာဖြစ်ပါတယ်။

play

play

 

အသင်းအမှုဆောင်ချုပ်ဖြစ်တဲ့ ဝုဒ်ဝက်အနေနဲ့ မော်ရင်ဟိုဆီကိုဖုန်းဆက်သင့်ပြီးလို့ ပရိသတ်အများစုက တိုက်တွန်းထားပါတယ်။ ရာသီကုန်ရင် မန်ယူကို မော်ရင်ဟိုကိုင်တွယ်ဖို့ သဘောတူထားပြီးပြီဆိုပြီး သတင်းထွက်ထားပေမယ့်လည်း ပရိသတ်အချို့ကတော့ ချက်ခြင်းနည်းပြလဲစေချင်တာ ဖြစ်ပါတယ်။

play

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video