AD
AD
AD
play

 

အာဆင်နယ်နဲ့ပွဲစဉ်မှာ တစ်ယောက်သာ အထုတ်မခံရဘူးဆိုရင် လက်စတာအသင်း အနိုင်ရမှာ ဖြစ်တဲ့အကြောင်း နည်းပြရေနီယာရီက ပြောကြားလိုက်ပါတယ်။ အာဆင်နယ်က လက်စတာကို ရေနီယာရီရဲ့နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

လက်စတာအသင်းက ပထမပိုင်းမှာ ပင်နယ်တီရပြီး ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ နောက်ခံလူ ဆင်မ်ဆန် အထုတ်လိုက်ရပါတယ်။ အဲဒီနောက်မှာ အာဆင်နယ်ကို နှစ်ဂိုးပြန်ပေးခဲ့ရတာပါ။ “ ဆယ့်တစ်ယောက်ချင်း ယှဉ်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်မယ်ထင်ပါတယ်။ အာဆင်နယ်က အသင်းကောင်းတစ်သင်းပါ။ အနိုင်ဂိုးရဖို့ သူတို့ကျွန်တော်တို့ထက်ပိုပြီး တိကျသေသပ်သွားခဲ့ပါတယ်” လို့ ရေနီယာရီက ပြောပါတယ်။

play

 

အာဆင်နယ်က လက်စတာကိုအနိုင်ရပြီးနောက် မန်စီတီး - စပါးပွဲမတိုင်ခင်မှာ အဆင့်-၂ နေရာတက်လှမ်းလာပါတယ်။ လက်စတာနဲ့လည်း နှစ်မှတ်သာ ကွာပါတော့တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD