AD
AD
AD
play

 

မန်စီးတီးအသင်းကို အနိုင်ကစားလိုက်ပြီးနောက် စပါးအသင်းက မြို့ခံပြိုင်ဘက်အာဆင်နယ်နဲ့ ရမှတ်အတူတူ ဂိုးကွာခြားချက် အသာနဲ့ အဆင့်-၂ နေရာမှာ ဆက်ပြီးရပ်တည်နိုင်ခဲ့ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အဖွင့်ဂိုးကို မန်စီးတီးချေပနိုင်ခဲ့ပေမယ့် နောက်တစ်ဂိုးကိုတော့ ပြန်ပြီးမချေပနိုင်ခဲ့လို့ ရှုံးပွဲတွေ့သွားတာ ဖြစ်ပါတယ်။

play

 

 မန်စီးပွဲထွက်စာရင်းမှာ ကွန်ပနီ ပြန်လာခဲ့ပါပြီး တိုက်စစ်မှာ အဂူရို၊ စတာလင်နဲ့ ဆေးလ်ဗားတို့ ဦးဆောင်ခဲ့ပါတယ်။ ဧည့်သည်စပါးအသင်းရဲ့ တိုက်စစ်မှူးတော့ ထုံးစံအတိုင်း ဟယ်ရီကိန်းနဲ့ အီရစ်ဆင်တို့ ဦးဆောင်ခဲ့တာ တွေ့ရပါတယ်။ ပွဲစတာနဲ့ နာရီဝက်လောက်အထိ ဖိအားပေးနိုင်ခဲ့တာက အိမ်ရှင်မန်စီးတီးဖြစ်ပါတယ်။

play

 

အဂူရိုနဲ့ စတာလင်တို့ အကြိမ်ကြိမ်ထိုးဖောက်ခဲ့ပေမယ့် စပါးနောက်တန်းက ကျစ်ကျစ်လစ်လစ်နဲ့တောင့်ခံနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း ဂိုးမရှိသရေနဲ့သာ ပြီးဆုံးသွားပါတယ်။ စပါးအတွက် အဖွင့်ဂိုးဟာ ဒုတိယပိုင်းပြန်စပြီး ၈ မိနစ်အကြာမှာ ရပါတယ်။

play

 

စပါးနောက်ခံလူ ရို့စ်ရဲ့ ဖြတ်တင်ဘောကို စတာလင်တားဆီးရာမှာ လက်နဲ့ထိတယ်ဆိုပြီး ဒိုင်က ပင်နယ်တီပေးလိုက်တာပါ။ ဒီပင်နယ်တီဟာ တကယ်ပေးသင့်၊ မပေးသင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းက ကန်သွင်းယူလိုက်လို့ စပါး အဖွင့်ဂိုးရခဲ့တာပါ။

play

 

အဲဒီနောက် မန်စီးတီးက ဖာနန်ဒိုအစား အီဟွာနာချို လူစားဝင်လာပါတယ်။ အီဟွနာချိုး လူစားဝင်လာပြီး ဆယ်မိနစ်တောင် မပြည့်သေးခင်မှာ အသင်းအတွက်အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ကလစ်ချီရဲ့ ပေးပို့မှုကို လူကပ်ခံထားခြင်းမရှိလို့ ကန်သွင်းယူနိုင်ခဲ့တာပါ။

play

play

 

ဒါပေမယ့်လည်း နောက်ထပ် ၉ မိနစ်အကြာ ၈၃ မိနစ်မှာ စပါးက အနိုင်ဂိုးရသွားပါတယ်။ လာမီလာရဲ့ပေးပို့ချက်ဟာ အီရစ်ဆင်ထံ တိတိကျကျ ရောက်သွားခဲ့ပြီး မန်စီးတီးနောက်ခံလူတွေ ဘယ်လိုမှ မတားဆီးနိုင်ပဲ ဂိုးပေးလိုက်ရပါတယ်။ ၈၉ မိနစ်မှာ အဂူရိုရဲ့ ထိုးဖောက်ချက် ဂိုးပြန်ရလုလုနီးနီးဖြစ်ခဲ့သလို နာကျင်အချိန်ပိုမှာလည်း ဆေးလ်ဗားရဲ့ ပိတ်သွင်းချက် ချော်ထွက်သွားလို့ မန်စီးတီး ချေပဂိုး ပြန်မရခဲ့ပါဘူး။

ဒီအရှုံးကြောင့် မန်းစီးတီးက အဆင့်-၄ နေရာမှာ ဆက်ရပ်တည်နေရပြီး စပါးကတော့ အာဆင်နယ်နဲ့ ရမှတ်အတူတူ၊ လက်စတာနဲ့ ၂ မှတ်အကွာကိုရောက်လာပြီး ချန်ပီယံဖြစ်ဖို့ ပိုပြီးရေပန်းစားလာပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD