AD
AD
AD
play

 

ဆယ်လ်တာဗီဂိုအသင်းကို ဘာစီလိုနက ၆-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီရဲ့ ပင်နယ်တီကန်ပုံဟာ ပြိုင်ဘက်ကို မလေးစားရာရောက်တယ်လို့ မမြင်ကြောင်း ပြိုင်ဘက်နည်းပြက ပြောကြားလိုက်ပါတယ်။ မက်ဆီနဲ့ ဆွာရက်ဇ်အပေးအယူလုပ်ပြီး ပင်နယ်တီကန်ခဲ့ပုံကို ဆယ်လ်တာဗီကို နည်းပြက ဝေဖန်ဖို့ ငြင်းဆိုခဲ့ပါတယ်။

play

 

ဒါဟာပင်နယ်တီကို မတူညီတဲ့အသွင်တစ်မျိုးနဲ့ ကန်သွင်းယူလိုက်တာ ဖြစ်ပြီး အခြားပြောစရာ ဘာမှမရှိကြောင်း ဆယ်လ်တာဗီဂိုနည်းပြ ဘီရစ်ဇိုက မှတ်ချက်ပေးပါတယ်။ ပွဲချိန် ၈၁ မိနစ်အရောက်မှာ ပင်နယ်တီရတဲ့အခါ မက်ဆီက တိုက်ရိုက်ကန်သွင်းခြင်းမလုပ်ပဲ ဆွာရက်ဇ်ကို တဆင့်ပေးပြီး ကန်သွင်းစေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီအပြုအမူဟာ ပြိုင်ဘက်ကို မလေးစားရာ ရောက်ပြီး အားကစားသမားမပီသဘူးလို့ မက်ဆီ့ကို ဝေဖန်မှုတွေလည်း ရှိပါတယ်။ မက်ဆီက ပင်နယ်တီကို တစ်ခါတည်းမကန်ပဲ ဆွာရက်ဇ်ကို ပေးကန်ခဲ့တဲ့အတွက် ဆွာရက်ဇ်က ဟက်ထရစ်ဂိုးရှင် ဖြစ်သွားခဲ့ပါတယ်။

Source : Goal
Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD